နေပြည်တော် စက်တင်ဘာ ၁၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၁ ဒသမ ၄၉၅၇ တန်၊ သစ်မာ ၅ ဒသမ ၈၉၄၆ တန်၊ အခြားသစ် ၁၃ ဒသမ ၀၆၁၄ တန် စုစုပေါင်း ၃၀ ဒသမ ၄၅၁၇ တန်၊ ယာဉ်/ယန္တရားသုံးစီး၊ တရားခံ ၁၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်


