နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်ကျွန်း (၃၇ ဒသမ ၆၄၈၀)တန်၊ သစ်မာ (၁၁ ဒသမ ၂၀၅၄)တန်၊ အခြား (၆ ဒသမ ၉၉၅၂)တန် ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၁၃

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

စက်တင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၃၇ ဒသမ ၆၄၈၀)တန်၊ သစ်မာ (၁၁ ဒသမ ၂၀၅၄)တန်၊ အခြား (၆ ဒသမ ၉၉၅၂)တန်၊ စုစုပေါင်း (၅၅ ဒသမ ၈၄၈၆)တန်၊ တရားခံ (၁၈)ဦး၊ ယာဉ်/ယန္တရား (၁၁)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်