နာမည်ကျော် ဘတ်စကတ်ဘောသမား ကိုဘေးဘရိုင်ယန် ရဟတ်ယဉ်ပျက်ကျ သေဆုံး

၂၇ ဇန်နဝါရီ

 

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် ယမန်နေ့က ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ အနားယူသွားသည့် နာမည်ကျော် ဘတ်စကတ်ဘောသမားဖြစ်သူ ကိုဘေးဘရိုင်ယန် သေဆုံးခဲ့ကြောင်း အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။

 

အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဘရိုင်ယန်၏ ၁၃နှစ်အရွယ်သမီးဖြစ်သူ ဂီယာနာလည်း သေဆုံးခဲ့ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

 

ကနဉီးသတင်းများအရ သေဆုံးသူငါးဉီးရှိခဲ့သော်လည်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လေယာဉ်မှူးအပါအဝင် ကိုးဉီး သေဆုံးခဲ့သည်ဟု ဆိုသည်။

 

သေဆုံးသူများထဲတွင် ဘေ့စ်ဘော့နည်းပြဖြစ်သူ ဂျွန်အဲတိုဘာလီ၊ ၎င်း၏ ဇနီးဖြစ်သူ ကာရီနှင့် သမီးဖြစ်သူ အဲလက်ဆာနှင့် အမျိုးသမီးဘတ်စကက်ဘောနည်းပြဖြစ်သူ ခရစ္စတီနာမော်ဆာ တို့သည်လည်း လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သည်ဟု ဆိုသည်။

 

ဘရိုင်ယန်သည် ၁၉၉၆ခုနှစ်တွင် စတင်ကစားခဲ့ပြီးနောက် Los Angeles Lakers တွင် နှစ်ပေါင်း ၂၀ကစားခဲ့သူဖြစ်သည်။

 

၎င်းသည် ၂၀ဝ၈ခုနှစ်တွင် တန်ဖိုးအကြီးမားဆုံး ကစားသမားဆုနှင့် ရမှတ်အများဆုံးရရှိသည့် ကစားသမားအဖြစ် နှစ်ကြိမ်တိုင်တိုင် ချီးမြှင့်ခံခဲ့ရသည်။

 

ဘရိုင်ယန်သည် ၂၀၁၆ခုနှစ်အတွင် အနားယူခဲ့သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်