နားလည်မှု၊ ယုံကြည်မှုများနှင့်အတူ ရှေ့ဆက်ရမည့်ခရီးလမ်း

mdn

သတင်းဆောင်းပါး - ဒေါက်တာမြတ်မိုး

 

၂ဝ၂ဝ ပြည့် နှစ်သစ်ကူးချိန်မှာ နိမိတ်ကောင်းများနဲ့အတူ ပြည်သူတွေအတွက် နှစ်သစ်ကူးလက်ဆောင်မွန်တစ်ခုကို JICM လို့ခေါ်တဲ့ (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး" တစ်ခုကနေ ယူဆောင်ပေးနိုင်ခဲ့ပါပြီ၊ JICM ဆိုတာက NCA စာချုပ်ရဲ့ အမြင့်ဆုံးယန္တရားတစ်ခုပါ။ ဒီအစည်းအဒေရဲ့ အောင်မြင်မှုဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ (၇) ကြိမ်မြောက် JICM အစည်းဝေးနေက်ပိုင်း အကြောင်းအမျိုး မျိုးကြောင့် တစ်ဆို့နေပြီး မကျင်းပဖြစ်ခဲ့တဲ့ အနေအထားတစ်ခုကို ရပ်တန့်နိုင်ခဲ့တဲ့ နှစ်သစ်ရဲ့ ပထမဆုံးကျင်းပတဲ့ အစည်းတစ်ခုရဲ့ ရလဒ်ကောင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

 

နှစ်ဦး နှစ်ကူးအစ မင်္ဂလာသတင်းစကား

 

ပြည်သူလူထုကောင်းကျိုးနဲ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် မင်္ဂလာရှိတဲ့ ရက်တစ်ရက်အဖြစ် မှတ်တမ်းတင်ထိုက်တဲ့၊ ထူးမြတ်တဲ့ ၈-၁-၂၀၂၀ ရက်နေ့ မှာ ကျင်းပပြီးစီးခဲ့တဲ့ JICM အစည်းအဝေးကနေ ရလဒ် ကောင်းတွေ ရယူနိုင်ခဲ့ကြတယ်။ အဲဒီအစည်းအဝေးမှာ သက်ဆိုင်သူ၊ ပါဝင်သူများအကြား ယုံကြည်မှု၊ နားလည်မှုတွေ တိုးပွားလာကြတယ်။ ရင်းနှီးမှုတွေ ပိုမိုခိုင်မာလာကြလို့ အပြန်အလှန်အသိအမှတ်ပြုမှုတွေလည်း ရှိလာခဲ့ကြတယ်ဆိုတဲ့သတင်းစကားတွေဟာ ယခုနှစ်အတွင်း သိပ်မကြာမီမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကြီးကို မျှော်လင့်နေတဲ့ တိုင်းရင်းသားပြည်သူတွေအတွက်လည်း အားတက်စရာ မျှော်လင့်ချက်တစ်ခု ဖြစ်ကြရပါတယ်။

 

 သင်္ကာမကင်းမှုနှင့် စိုးရိမ်မှုက အဓိကကျ

 

ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးရဲ့ တကယ့် စစ်မှန်တဲ့ လိုလားတောင့်တမှုဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုတစ်ခုသာဖြစ်လို့ အကျိုးလိုလား ပါဝင်သူအားလုံးကလည်း ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ အားသွန်ခွန်စိုက်ဆောင်ရွက် နေကြတယ်ဆိုတာ ရလဒ်လေးတစ်ခု ဆက်လက်တောက်ပနေစေဖို့ကို ပြည်သူအားလုံး အထူးသဖြင့် မငြိမ်းချမ်းမှုရဲ့ သားကောင် များ ဖြစ်ကြရသူများက ပိုပြီးလိုလားတောင့်တကြမယ် ဆိုတာခြင်ဖွယ်ရာရှိပါဘူး။ အရေးကြီးတာက အဖွဲ့တွေအကြား ရရှိပြီးသားနားလည်မှုတွေကို ပို၍ပို၍ ထိန်းသိမ်းစောင့်ရှောက်သယ်ဆောင်နိုင်ကြပါစေလို့ ပြည်သူတွေက ဆုတောင်းနေ၊ မျှော်လင့်နေကြတယ် ဆိုတာပါပဲ။ နှစ်ဦး နှစ်ဖက် နားလည်မှုရှိလာရင် ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်မှာ ကန်အမှန်ပါ။ နားလည်မှုနဲ့ ယုံကြည်မှုရဲ့ အန္တရာယ်က သင်္ကာမကင်းမှုနဲ့ စိုးရိမ်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒီအချက်က ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ အဟန့်အတားကြီးတစ်ခုလို့ အမှန်မြင်ပြီ၊ အမှန်သိပြီဆိုရင် ပြည်သူအားလုံး စိတ်ချမ်းမြေ့ပျော်ရွှင် ဖို့အတွက် အချိန် ယန္တရားကြီးကိုလည်း တိုတောင်းအောင် သွားနိုင်မှာ ဖြစ်ပါတယ်။

 

နားလည်မှု၏အခြေခံ ကိုယ်ချင်းစာနာမှု

 

ပြည်ထောင်စုကြီးမှာ စစ်မှန်တဲ့ထာဝရငြိမ်းချမ်းရေး၊ ခိုင်မာတဲ့တည်ငြိမ်ရေးနဲ့ မြန်ဆန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်ရယူနိုင်ဖို့က ယခုတည်ဆောက်ထားတဲ့ ညှိနှိုင်းမှုစွမ်းပကားကို ဆက်လက် တိုးတက်တည်မြဲနေ အောင် ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးလှပါတယ်။ နားလည်မှုနဲ့ ယုံကြည်မှုဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ နားလည်မှုယူတယ်ဆိုတဲ့နေရာမှာ တစ်ဦးရဲ့ ခံစားချက်၊ လိုလားချက်များကိုတစ်ဦးက စာနာမှု နိုင်မှသာ နလည်မှုပေးတယ်လို့ ဆိုနိုင်ပါတယ်။ စာနာမှုပေးတယ်ဆိုရာမှာလည်း သူ့နေရာမှာ ကိုယ်ကအစားထိုး ကိုယ်ချင်းစာပေးနိုင်မှု၊ သူ့နေရာမှာ ကိုယ်ဖြစ်ရင်ရောဆိုတဲ့ ခံစားပေးနိုင်မှုက အဓိက ကျပါတယ်။ ဒီလို တစ်ဦးနဲ့ တစ်ဦး၊ တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာနားလည်ပေးမှု ကိုယ်စီနဲ့ နားလည်မှု ပေးနိုင်ကြပြီဆိုရင်တော့ ခက်ခဲနေတဲ့ နားလည်မှုရဖို့ဆိုတာလည်း လွယ်ကူသွားပြီး ဒီအခါ မှာလက်ရှိဖြစ်ပွားနေတဲ့ တစ်ဖက်နဲ့တစ်ဖက်ရဲ့ အဘက်ဘက်က အခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားရတာ လွယ်ကူသွားနိုင် ပါတယ်။ ဘာကြောင့် ဒီလိုစဉ်းစား သလဲဆိုတာ ရိပ်မိပြီဆိုရင်တော့ ပြဿနာရဲ့ အကြောင်း ရင်းကိုလည်း ခန့်မှန်းတွက်ချက်ဖို့ရာ မခက်နိုင်တော့ပါ ဘူး။ ဤအချက်လေးဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှု တည်ဆောက်နိုင်ခြင်းရဲ့ အခြေခံလေးပဲဖြစ်ပြီး “နားလည် မှုတည်ဆောက်ပါ" “န်လည်ရယူကြပါ” ဆိုတာကို ကိုယ်ချင်းစာနာမှုန့် ဒွန်တွဲမထားလျှင်တော့ လက်တွေ့ မကျတဲ့ အပြောသက်သက်သာဖြစ်မယ်လို့ ဆိုချင်ပါတယ်။

 

နားလည်မှု၊ ယုံကြည်မှုနှင့် တာဝန်ယူ တာဝန်ခံမှု

 

တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား ကိုယ်ချင်းစာနားလည်ပေးများနဲ့ နားလည်မှု တည်ဆောက်နိုင်ကြပြီ ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိဖို့၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်ပေးဖို့ များစွာမခက်တော့ပါဘူး။ တစ်ဦးချင်း ကိုသော်လည်းကောင်း အဖွဲ့ ကိုသော်လည်းကောင်း အလွန်ကို ယုံကြည်သွားပြီဆိုရင်တော့ ရှေ့ဆက်ငြိမ်းချမ်း ဖို့အရာဟာ အလှမ်းမဝေးတော့ပါဘူး။ ယုံကြည်မှု တည်ဆောက်နိုင်မှတော့ ညှိနှိုင်းရေးအဖွဲ့တွေကြားမှာ သူ့အဖွဲ့အတွက် ကိုယ့်အဖွဲ့တွေအကြားလိုအပ်ရင်လိုအပ် သလိုလေးလေးစားစားနဲ့ တာဝန်ယူပေးလိုစိတ်၊ တာဝန် ခံပေးလိုစိတ်တွေလည်း ဖြစ်ပေါ်လာတဲ့အတွက် ယုံကြည်မှုလည်း ပိုမိုခိုင်မာလာကြမှာ ဖြစ်ပါတယ်။ တစ်ဦးအပေါ်တစ်ဦး လုပ်ဆောင်ချက်တွေအပေါ်မှာ ယုံကြည်မှုတွေ တိုးပွားလာကြပြီ ဆိုရင်တော့ သူ့အတွက်ဆိုရင်၊ ထိုမှတစ်ဆင့် အများအတွက်ဆိုရင် တကယ့်ရင်ထဲ နှလုံးသားထဲကကို တာဝန်ယူလိုသော၊ တာဝန်ခံပေးလိုသော ခံယူချက်များ တစ်ဖန်ကိန်းအောင်းလာတတ်ကြတဲ့အတွက် ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ တာဝန်ယူ၊ တာဝန်ခံမှုရယူခြင်းဆိုတဲ့ ကောင်းမွန်တဲ့ ခံယူချက်တွေဟာ အပြန်အလှန် အမှီသဟဲပြုနေတယ်ဆိုတာ ထင်ရှား ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ့်ဘက်က အတ္တနဲ့ မာန်မာနများလျှော့ချဖို့နဲ့ ခါချဖို့လည်း ဝန်မလေးတော့၊ ဘုံရည်မှန်းချက် ရောက်ဖို့အတွက် အရာရာပေးဆပ်ဖို့ လည်း မတွန့်ဆုတ်တော့ဘဲ နားလည်မှုနဲ့ ယုံကြည်မှုရယူ နိုင်တဲ့ စွမ်းအားများပိုင်ဆိုင်တဲ့ အခြေအနေတစ်ရပ်သို့ ဆိုက်ရောက်သွားပါတော့တယ်။

 

ယုံကြည်မှု၏ အခြေခံ

 

နနားလည်မှုနဲ့ ယုံကြည်မှု မပေးနိုင်ရင်တော့ လောကမှာ ဘာအလုပ်မှ လုပ်လို့ကိုင်လို့ မကောင်းနိုင်ပါဘူး၊ ဘာမှလည်းလုပ်လို့ မရနိုင်ပါဘူး။ ဘယ်လူ့အဖွဲ့ အစည်းမှာမဆို နားလည်မှု၊ ယုံကြည်မှု မတည်ဆောက်နိုင်ကြလို့ လုပ်ငန်းတွေနှောင့်နှေးကြရတာ၊ ရည်မှန်းချက် ရောက်ကြတာ များစွာရှိလှပါတယ်။ ငြိမ်းချမ်းရေးကဲ့သို့ သော ထူးခြားတဲ့အခြေအနေတွေမှာဆို ပိုလို့တောင် အရေးကြီးလှပါတယ်။ နားလည်မှုပေးကြပါ၊ ယုံကြည်မှု တည်ဆောက်ကြပါလို့ ပြောရတာတော့ အင်မတန်လွယ် ပါတယ်။ တကယ့်လက်တွေ့မှာတော့ ကိုယ်ကိုယ်တိုင်မှာ ရိုးသားဖြောင့်မတ်မှုမရှိရင်၊ မျှတမှုကိုမပေးနိုင်ရင်၊ ပွင့်ပွင့် လင်းလင်းပြောကြ ဆိုကြဖို့ကို ခွင့်မပေးထားရင်၊ အမှန် ကို ဖုံးကွယ်ထားရင်၊ ခံစားချက်တွေကို မမျှဝေနိုင်သေးရင်တော့ ယုံကြည်မှုတည်ဆောက်ဖို့ အချိန်များစွာယူရန် လိုအပ်နေဦးမယ်လို့လည်း ယူဆမိပါတယ်။

 

ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်

 

တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား ယုံကြည်မှု တည်ဆောက်ကြရာမှာ ကိုယ်က သူ့ရဲ့ ယုံကြည်မှုကို ရယူဖို့၊ ကိုယ်ကိုယ်တိုင်ကလည်း အင်အားကြီးမားတဲ့ ယုံကြည်ချက်ခိုင်မာနေဖို့လိုပါတယ်။ ဘယ်လိုယုံကြည်ချက်မျိုးလဲ ဆိုရင် ငြိမ်းချမ်းရေးရမှ နိုင်ငံမှာ တည်မြဲတဲ့ပြည်ထောင်စု တစ်ခု ထူထောင်နိုင်မှာဆိုတဲ့ ယုံကြည်ချက်မျိုး၊ ပြည်ထောင်စုအတွက် ငြိမ်းချမ်းရေးအတွက်ဆိုရင် ငါ့မှာ လုပ်နိုင်စွမ်းရှိတယ်၊ လုပ်နိုင်စွမ်းဆိုတာကလည်း ပေး အယူ၊ အလျှော့အတင်း၊ ညှိနှိုင်းမှုများစွာနဲ့ ထက်မြက်တဲ့ ညှိနှိုင်းနိုင်စွမ်းရှိတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည် ချက်မျိုးကို ဆိုလိုပါတယ်။ ဒီလိုခိုင်မာတဲ့ယုံကြည်ချက်ကို ဒီပြည်ထောင်စုကြီးအတွင်းမှာ အေးအတူပူအမျှ နေထိုင်ကြမယ်ဆိုတဲ့ ပြင်းပြတဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင် တော့ငြိမ်းချမ်းရေး လမ်းကြောင်းဟာ ဖြောင့်ဖြူးနေမှာ သေချာပါတယ်။

 

ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးအတွက် လျှောက်လှမ်း ရမယ့်ခရီးလမ်းက အရှည်ကြီး ကျန်ပါသေးတယ်။ အစကောင်းပြီမို့ အဆင်သေချာဖို့တော့ လိုပါတယ်။ ဖြစ်သဘောထက် အပျက်သဘောတတ်တဲ့ သဘောသဘာဝ ကိုလည်း လျှော့မတွက်သင့်ပါဘူး။ ရလဒ်ကောင်းတွေ ဆက်တိုက်ရဖို့ဆိုရင် ရရှိပြီးသားလည်မှုတွေ ပိုတိုးအောင်နဲ့ မရရှိသေးတဲ့ယုံကြည်မှုတွေ ပိုတည်ဆောက်နိုင်အောင် လုံ့လဥဿဟ ပိုမိုစိုက်ထုတ်ကြဖို့နဲ့ ညှိနှိုင်းမှု စွမ်းပကားတွေ ပိုတိုးတက်စေဖို့လိုအပ်မှာဖြစ်ပါတယ်။ ညှိနှိုင်းမှုစွမ်းပကားတွေ မြင့်မားလေလေ၊ အချိန် တိုတိုအတွင်းမှာ မှန်ကန်မျှတတဲ့ သဘောတူညီချက်များစွာ ရရှိလေလေပဲဖြစ်ပါကြောင်း အနာဂတ် ငြိမ်းချမ်းရေး ခရီးလမ်းအတွက် အပြုသဘောတင်ပြ လိုက်ရပါတယ်။ ။