MYM CUP (Myanmar Yunlong Man City Cup) 2019 ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြီးစီး

ရန်ကုန် ၈ နိုဝင်ဘာ

 

မန္တလေးမြို့မှ မန်းစီးတီးဂေါက်သီးရိုက်အသင်းနှင့် ရန်ကုန် ရင်လုံ ဂေါက်သီးရိုက် အသင်းတို့၏ နှစ်စဉ်ကျင်းပသော MYM CUP (Myanmar Yunlong Man City Cup) 2019 ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးနေ့ကို နိုဝင်ဘာ (၇) ရက်က ဒဂုံဂေါက်ကွင်း၌ ဆက်လက်ကျင်းပသည်။

 

ပြိုင်ပွဲအပြီးတွင်  ဆုချီးမြှင့်ခြင်းအခမ်းအနားကို ညနေ ၆ နာရီတွင် ယူနန်ဘုံကျောင်း (လှိုင်မင်္ဂလာခန်းမ) ၌ ကျင်းပရာ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မန်းစီးတီး ဂေါက်သီးရိုက်အသင်း နာယက ဦးမြင့်စိုး၊ ဥက္ကဋ္ဌ ဦးရွှေမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးကိုကို၊ ရင်လုံဂေါက်သီးရိုက်အသင်း နာယက ဦးအိုက်ထွေး၊ ဥက္ကဋ္ဌ ဦးရန်အောင်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          

ဆုချီးမြှင့်ပွဲတွင်  မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက မန်းစီးတီး ဂေါက်သီးရိုက် အသင်းနာယက ဦးမြင့်စိုး၊ ဥက္ကဋ္ဌ ဦးရွှေမြင့်၊ ဒုတိယ ဥက္ကဋ္ဌ ဦးကိုကို၊ ရင်လုံ ဂေါက်သီးရိုက်အသင်းနာယက ဦးအိုက်ထွေး၊ ဥက္ကဋ္ဌ ဦးရန်အောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်တို့အား အမှတ်တရလက်ဆောင် ပေးအပ်သည်။ ဆက်လက်၍ ပြိုင်ပွဲအား ကြီးကြပ်ပေးသော မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒိုင်လူကြီးအဖွဲ့အား မန်းစီးတီး ဂေါက်သီးရိုက်အသင်းနှင့် ရင်လုံဂေါက်သီးရိုက်အသင်းတို့မှ အမှတ်တရ လက်ဆောင် ပေးအပ်သည်။ ယင်းနောက်  ယခုနှစ်တွင် အနိုင်ရဗိုလ်စွဲခဲ့သော ရင်လုံဂေါက်သီးရိုက် အသင်းထံ  MYM CUP (Myanmar Yunlong Man City Cup) ဖလားကို မန်းစီးတီး ဂေါက်သီးရိုက်အသင်းက လွှဲပြောင်းပေးအပ်သည်။

                           

MYM CUP (Myanmar Yunlong Man City Cup)  ပြိုင်ပွဲကို ၂၀၁၃ခုနှစ်၌ ရန်ကုန်မြို့ရှိ Royal Mingalardon Golf & Country Club ၌ ကျင်းပသည့် ပထမအကြိမ်တွင်  ရင်လုံအသင်းကလည်းကောင်း၊ ၂၀၁၄ ခုနှစ်၌ မန္တလေးမြို့ ရွှေစာရံဂေါက်ကွင်း၌ ကျင်းပသည့် ဒုတိယအကြိမ်တွင် မန်းစီးတီး အသင်းကလည်းကောင်း၊ ၂၀၁၅ ခုနှစ်၌ ရန်ကုန်မြို့ ရန်ကုန်ဂေါက်ကလပ်၌ ကျင်းပသည့် တတိယအကြိမ်တွင်  ရင်လုံအသင်းမှ လည်းကောင်း၊ ၂၀၁၆ ခုနှစ်၌ မန္တလေးမြို့ ရွှေမန်းတောင်ဂေါက်ကွင်း၌ ကျင်းပသည့် စတုတ္ထအကြိမ်တွင် ရင်လုံအသင်းမှလည်းကောင်း၊ ၂၀၁၇ ခုနှစ်၌ ပုံဂံဂေါက်ကွင်း၌ ကျင်းပသည့် ပဉ္စမအကြိမ်ပြိုင်ပွဲတွင် မန်းစီးတီးအသင်းကလည်းကောင်း အသီးသီး အနိုင်ရဗိုလ်စွဲခဲ့သည်။

 

သတင်း-ဖိုးသော်ဇင်

 

ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်