မြဝတီမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မြဝတီ စက်တင်ဘာ ၂၃

 

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

 

ဦးစွာ ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းများ၊ ရေရှည်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး လက်ဝယ်ထားရှိခြင်းဖြင့် အရေးယူ အပြစ်ပေးနိုင်သည့်ပြစ်မှုပြစ်ဒဏ်များ ဥပဒေ၊ ပုဒ်မများ၊ မူးယစ်ဆေးဝါး သုံးစွဲရန်လှုံ့ဆော်၊ သွေးဆောင်၊ ဖြားယောင်းခြင်းကြောင့် အရေးယူအပြစ်ပေးလျက်ရှိသည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူမှုပတ်ဝန်းကျင်တွင် မြင်တွေ့နိုင်သော မူးယစ်ဆေးဝါးသားကောင်တို့၏ ဖြစ်ရပ်များကို ဟောပြောခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)