မြဝတီ အောက်တိုဘာ ၁၉
ကရင်ပြည်နယ် မြဝတီမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ယမန်နေ့နံနက် ၄ နာရီတွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အလှူရှင် ဒါယကာ ဒါယိကာမများက ဆီမီးကိုးထောင် ထွန်းညှိပူဇော်ကြသည်။
ဆီမီးကိုးထောင်ထွန်းညှိပူဇော်လှူဒါန်းရာတွင် အမှတ် (၅) ရပ်ကွက်နေ အလှူရှင် ခွန်ဖိုးမြိုင်မိသားစု၏ မတည်လှူဒါန်းမှုဖြင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အလှူရှင်များက သံဃာတော်များအား အရုဏ်ဆွမ်း၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ရွှေမြင်းဝန် ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်ရှိ စေတီတော်များ၌ ဆီမီးထွန်းညှိပူဇော်ခဲ့ကာ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခဲ့ကြသည်။
ဧည့်ခံ
ထို့နောက် မတည်အလှူရှင် ခွန်ဖိုးမြိုင်မိသားစု၏ လှူဒါန်းမှုဖြင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘုရားဖူးလာပြည်သူများအား စတုဒိသာအလှူဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


