မူဆယ် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် Football For School Program အရ မိုးရာသီဘောလုံး သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဘောလုံးအားကစားသင်တန်းမှ အားကစားသမား များက ဘောလုံးစွမ်းရည် သရုပ်ပြခဲ့ကြပြီး Beauty Angels Dance အကအဖွဲ့က Waka Waka သီချင်းနှင့် ကျေးဇူးကမ္ဘာကိုယ်ပိုင်ကျောင်း အကအဖွဲ့က Dai Dai သီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့သည်။ ဆက်လက်၍ ကရာတေး သင်တန်းသား သင်တန်းသူများက ကရာတေးကစားကွက်ဖြင့် သရုပ်ပြ ကစားခဲ့ကြပြီး ဘောလုံးသင်တန်းနည်းပြများနှင့် ကပြဖျော်ဖြေခဲ့ကြသည့် အဖွဲ့သုံးဖွဲ့အား တာဝန်ရှိသူများက ချီးမြှင့်ငွေများ ပေးအပ်ကြသည်။
အဆိုပါ မိုးရာသီဘောလုံးသင်တန်းကို မူဆယ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ Football For School Program အရ သင်တန်းသား ၁၀၀ ဖြင့် ရက် ၄၀ ကြာ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


