အီတလီတင်းနစ်မယ် အဲလီးဇာဘတ်တာကိုချာရက်တို သည် မူဘာဒါလာဒီစီအိုးပင်း အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ် အမ်မာနာဗာရိုကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၆-၃၊ ၄-၆၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ် အဆိုပါတင်းနစ်မယ်သည် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် ကာတာအိုးပင်းပြိုင်ပွဲပြီးနောက် ကွာတားဖိုင်နယ်သို့ တစ်ကျော့ပြန်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၃၂ ဦးအဆင့်တွင်လည်း ဒိန်းမတ်တင်းနစ်မယ် ကလဲယားတော်ဆန်ကို အကြိတ် အနယ်ယှဉ်ပြိုင်ပြီး ၄-၆၊ ၇-၆ (၇-၂)၊ ၇-၆ (၇-၂) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦးအဆင့် တက်လှမ်းလာသူဖြစ်သည်။
၎င်းသည် မူဘာဒါလာဒီစီအိုးပင်း ကွာတားဖိုင်နယ်တွင် ဂျပန်နာမည်ကြီး တင်းနစ်မယ် နာအိုမီအိုဆာကာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကိုချာရက်တိုနှင့်အတူ မူဘာဒါလာဒီစီအိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ဖိလစ်ပိုင်ထိပ်တန်းတင်းနစ်မယ် အလက်ဇန္ဒြားအယ်လာ၊ ရုရှားတင်းနစ်မယ် ဆမ်ဆိုနိုဗာတို့ တက်လှမ်းထားနိုင်ပြီဖြစ်သည်။
အောင်ဇော်


