မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ကျင်းပ

မုံရွာ စက်တင်ဘာ ၇

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သည့် အခြေခံ ကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ကွန်ပျူတာသင်တန်း နည်းပြဆရာမထံသို့ ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုကတ်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)