မုံရွာဓာတ်ပုံအသင်းအပျော်တမ်း Model Outdoor ရိုက်ကူးယှဉ်ပြိုင်

နေပြည်တော် စက်တင်ဘာ ၂၀

 

မုံရွာဓာတ်ပုံအသင်း ပြန်လည်ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် မုံရွာဓာတ်ပုံအသင်းဝင်များ သီးသန့်အဖြစ် အပျော်တမ်း Model Outdoor ရိုက်ကူးပြိုင်ပွဲကို စက်တင်ဘာ ၂၀ ရက် နံနက် ၈ နာရီက မုံရွာမြို့ ပြည်သူ့ဥယျာဉ်၌ ကျင်းပသည်။

 

ပြိုင်ပွဲတွင် မော်ဒယ်လ် မသဲနဒီမင်းဇော်က သရုပ်ဆောင်အလှပြခဲ့ရာ မုံရွာဓာတ်ပုံအသင်းဝင် ၂၀ ကျော်က ပြိုင်ပွဲဝင်ဓာတ်ပုံများ ရိုက်ကူးကြသည်။

 

ပြန်လည်ဖွဲ့စည်းထားသော မုံရွာဓာတ်ပုံအသင်း၏ ပထမဆုံး ဓာ​တ်ပုံပြိုင်ပွဲအဖြစ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံများထဲမှ ဆုရပုံကို ပြိုင်ပွဲဝင်စစ်ဆေးရေးကော်မတီမှ စစ်ဆေးအတည်ပြုထုတ်ပြန်ပေး သွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်ကြသည့် မုံရွာဓာတ်ပုံအသင်းသားများအနေဖြင့် ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြသည်ကို တွေ့ရပြီး ဆုရဓာတ်ပုံဆရာများကို ဆုလက်ဆောင်များ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)