မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော် (၁၅၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ကျင်းပ

 

မုဒုံ အောက်တိုဘာ ၂၅

 

မွန်ပြည်နယ် မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီး စေတီတော်မြတ်ကြီး (၁၅၂) ကြိမ်မြောက် သီတင်းကျွတ် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကန်ကြီး မင်္ဂလာကန်တော်၌ ကျင်းပသည်။

 

ဦးစွာ ကန်ကြီးစေတီ သြဝါဒါ စရိယဆရာတော် ဘဒ္ဒန္တကေတုဝါရနှင့် ဂေါပကအဖွဲ့ဝင်များသည် ကန်ကြီးစေတီတော်နှင့် မင်္ဂလာကန်တော်အား ရှိခိုးဦးတိုက်ကန်တော့၍ ပြိုင်ပွဲကို စတင်ဖွင့်လှစ်သည်။ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင် မုဒုံမြို့ပေါ် ရပ်ကွက်များမှ လှေလှော်အသင်း ၁၁ သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ ပထမပွဲစဉ်အဖြစ် ကောင်းအိမ်သူ လှေလှော်အသင်းနှင့် မုဒုံမြေ လှေလှော်အသင်းတို့က ယှဉ်ပြိုင်လှော်ခတ်ကြသည်။

 

လှေလှော်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြီး ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲကို သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပမည် ဖြစ်ကြောင်းနှင့် ဆုများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရာမည(ပြန်/ဆက်)