မုံရွာ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြသလ္လာရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ပြန်လည်ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက သလ္လာရပ်ကွက် အသင်းရုံးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် မုံရွာမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်လွင်က အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းလုပ်ငန်းများကို အသင်းသားများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် ကြရန်မှာကြားပြီး အသင်း၏ အမှုဆောင်သုံးဦးနှင့် အသင်းစာရင်းစစ် နှစ်ဦးတို့အား တက်ရောက်လာသော အသင်းသားများ၏ အဆိုပြု ထောက်ခံချက်များအတိုင်း ညှိနှိုင်းရွေးချယ် အတည်ပြုကြောင်း သိရသည်။
(ဖိုးချမ်း-မုံရွာ)


