မန္တလေး-မိုးကုတ် ကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

မတ္တရာ ၁၄  ဇူလိုင်

           

 

ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ၊ စိုက်ပျိုးရေးခြံအနီး မန္တလေး-မိုးကုတ် ကားလမ်းတွင် ဇူလိုင်လ ၁၃ ရက်နေ့ ည ၈နာရီက ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် ၁၇/၁ နှင့် ၁၇/၂ ကြားတွင်  မိုးကုတ်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးသူရထွန်း ပုသိမ်ကြီးမြို့နယ်နေသူ မောင်းနှင်လာသည့် 6C/---- Toyota Hilux SURF (နက်ပြာရောင်) ယာဉ်အား မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ ယာဉ်မောင်း ဇာနည်မောင် (၂၀)နှစ် ဘိုကုန်းကျေးရွာ၊ မတ္တရာမြို့နယ်နေသူ မောင်းနှင်လာသည့် နံပါတ်မပါ Canda-125 (အနက်ရောင်) ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ဇာနည်မောင်တွင် ရရှိဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့သည်။ 

 

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သူ ဇာနည်မောင်အား မတ္တရာမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

စိုးကျော်သူထွေး(မတ္တရာ)