မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် မောင်မောင်တာနှင့် ရုပ်ရှင်စကားဝိုင်း

တွေ့ဆုံမေးမြန်း ဒါရိုက်တာ ကြည်စိုးထွန်း

 

ဒီတစ်ပတ် ကျွန်တော်နဲ့ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ တည်ကြည်ခံ့ညားပြီး ယုံကြည်လောက်တဲ့ ရုပ်ရည်ရူပကာကို ပိုင်ကြတဲ့ သဘာဝမင်းသားကြီးတွေထဲက တစ်ဦးဖြစ်တဲ့ မောင်မောင်တာ ဖြစ်ပါတယ်။ကျွန်တော်တို့ငယ်ငယ်ကတော့ မောင်မောင်တာ၊ မောင်မောင်တာနဲ့ပဲ ကျွန်တော်တို့က ခေါ်လာကြတာပေါ့လေ။ထွန်းဝေတို့၊ မောင်မောင်တာတို့၊ မြတ်လေးတို့၊ ကျော်ဆွေတို့ စသည်အားဖြင့် ကျွန်တော်တို့က ခေါ်လာခဲ့တဲ့အခါကျတော့ အခုလည်း မောင်မောင်တာဆိုတဲ့ အစွဲကတော့ စွဲနေတုန်းပါပဲ။ကျွန်တော်တို့ တစ်ချိန်တုန်းက နှစ်သက်မက်မောစွာ ကြည့်ခဲ့ရတဲ့ ရုပ်ရှင်မင်းသားကြီး မောင်မောင်တာက အခုတော့ ဒေါက်တာမောင်မောင်တာ ဖြစ်နေပါပြီ။ငြိမ်းချမ်းရေး စေတမန်ကြီးတစ်ဦးအဖြစ်လည်း ရောက်ရှိနေပါပြီ။အခု ကျွန်တော်တို့ တစ်ချိန်တုန်းက တရှိုက်မက်မက် နှစ်နှစ်သက်သက် လက်ခံကြည့်ရှုခဲ့ဖူးကြတဲ့ ရုပ်ရှင်မင်းသားကြီး မောင်မောင်တာနဲ့ အခုရုပ်ရှင်စကားဝိုင်းကို ဖွဲ့တော့မှာဖြစ်ပါတယ်။

 

 

(ဇွန် ၂၈ ရက်မှ အဆက်)

 

ကြည်စိုးထွန်း။     ။လူထု အောင်သံကတော့ တကယ့်ကို သမိုင်းဝင်ကားပဲ အစ်ကိုရဲ့ နော်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မှတ်တမ်းဝင် ကားတစ်ကားပါပဲ။နောက် နိုင်ငံခြားနဲ့ ဖက်စပ်။ပြီးတော့ မြန်မာတွေနဲ့ လုပ်တဲ့ကားမှာ နိုင်ငံခြားအငွေ့အသက် မပါဘဲနဲ့ တစ်ခါတည်း မြန်မာတွေကပဲ လုပ်သွားတာမျိုးလေးတွေ ကျွန်တော် သဘောကျတယ် အစ်ကို။အဲဒီထဲမှတ်မိတာ ဦးကျော်သောင်း၊ ဦးကျော်သောင်း ရူးတဲ့အခန်း လုပ်တာလေးတွေ ကျွန်တော်တို့ သွားသတိရတယ်။

 

mdn

 

အစ်ကိုနဲ့ဗိုလ်ဗကိုနဲ့ နောက်ဆုံးသေနတ်မှန်ပြီး ပြန်လာတော့ ကားပေါ်မှာ ထင်တယ်နော်။ငါ့သားလေးကို ရှင်ပြုတာကို ငါမြင်ချင်တယ်ကွာလို့ ပြောတဲ့အခန်းက အဲဒါက Climax ပဲထင်တယ်နော်အစ်ကို။

 

မောင်မောင်။     ။Climaxပဲ၊ ဂျစ်ကားပေါ်တင် မောင်း ပြီးတော့ ပြန်ပို့တာ။

 

ကြည်စိုးထွန်း။     ။ဟိုကလည်း မင်းကွာ ဒီအားငယ်တဲ့ စကားတွေ မပြောနဲ့။အားလျှော့တဲ့ စကားတွေ မပြောပါနဲ့ကွာ။ငါ့ကိုယ်ငါ သိတယ်ကွာတဲ့နော်။အေးမောင်ရာ ငါ့သားလေးကိုသာ မင်းရှင်ပြုပေးပါကွာတဲ့။ကျွန်တော်တို့ ငယ်ငယ်တုန်းက တအားသဘောကျတာ အစ်ကိုရဲ့ အဲဒါ။နောက် ဗမာအငွေ့အသက်ကလည်း ပါတာကိုးနော်။     ။

 

မောင်မောင်တာ။     ။မှတ်မိပါတယ် ဗိုလ်ဗကို က ဒဏ်ရာနဲ့၊ ကျွန်တော်က ကားမောင်း။ကျွန်တော်က ကားမောင်းဝါသနာပါ။အဲဒီကတည်းက မောင်းလိုက်တာ ဒီနေ့အထိ မောင်းလျက်ပဲ ကားကို။

 

ကြည်စိုးထွန်း။     ။ဟုတ်ပါ့ အစ်ကိုရယ်။နောက်ပြီး တော့ ပြောဦးမယ် အစ်ကို။ကားမောင်းတဲ့ကိစ္စ။

 

မောင်မောင်တာ။     ။စကားလေး တွေလည်း လှတယ်။

 

ကြည်စိုးထွန်း။     ။ဒိုင်ယာလော့ဒ်တွေ ကောင်းတယ်နော်။ တိုတိုလေးတွေတောင် ကောင်းတယ်။ တချို့ဟာတွေဆို ကျွန်တော်တို့ကကျောင်းသား ဘဝကို အစ်ကိုရ၊ လေး၊ ငါး၊ ခြောက်တန်း၊ ခုနစ်တန်းလောက် ရှိမယ်ထင်တယ်။မမှတ်မိတော့ပါဘူး။အဲဒီမှာဆို ဟာ ဗိုလ်ကြီးရယ် ကျွန်မ နွားလေးပြန်ပေးပါတို့ ဘာတို့။

 

မောင်မောင်တာ။     ။အဲဒါတွေက စွဲတယ်လေ။တစ်ခါတလေ ရုပ်ရှင်မှာ မထင်တာတွေက စွဲကျန်ရစ်ခဲ့တာတွေ ရှိတယ်။ကျွန်မ နွားလေးပြန်ပေးပါဆိုတာ။တစ်ခါတစ်ခါ လမ်းသွားရင် ဘေးကလူတွေက ရွတ်ပြတာတွေ ရှိတယ်။မောင်မောင်တာမှန်းသိနေရင် အဲဒီလို ရွတ်ပြတာတွေ ရှိတယ်။

 

ကြည်စိုးထွန်း။     ။အဲဒီလောက်အထိပရိသတ်က စွဲကြတာနော်။

 

မောင်မောင်တာ။    ။အောင်မြင်ပါတယ်။ဒီနေ့အထိ အဲဒီကားကို မီတာမရှိဘူး။ကားကော်ပီ မရှိတော့ဘူး။

 

ကြည်စိုးထွန်း။     ။ဟုတ်ကဲ့ပါ အစ်ကိုရယ် ကြိုးစားပေးပါဦး။

 

မောင်မောင်တာ။     ။ဒါပေမဲ့ ကျွန်တော် နောက်ဆုံး ခေါင်းထဲမှာ ရှိတာတော့ အကယ်၍ အမေရိကန်နိုင်ငံ နောက်တစ်ခေါက် ပြန်သွားရင် ဒီတစ်ခါတော့ ဟောလိဝုဒ် Archive မှာ ရှိမယ်လို့ ထင်တယ်။နောက်တစ်ခု ဗန်ကောက်မှာရှိတုန်းက တစ်ယောက်ကပြောတယ် ခင်ဗျားကားက ဘုရင့်နန်းတွင်း Archive မှာ ရှိတယ်တဲ့။Anticommunist picture ကွန်မြူနစ်ဆန့်ကျင်ရေး ကားဆိုတော့ ဘုရင်ကနေပြီးတော့ ဒီကားကို ယူပြီးတော့ သိမ်းထားတယ်လို့ ကြားရတယ်။

 

ကြည်စိုးထွန်း။     ။ကျွန်တော်လည်း မေးကြည့်လို့ ရပါတယ်။ဗန်ကောက်လောက်ကတော့၊ ကျွန်တော် မေးကြည့်လို့ရပါတယ်။ဒါလေးတွေကို အစ်ကိုဖြစ်ဖြစ်၊ ကျွန်တော်ဖြစ်ဖြစ် ရရင်တော့ ပရိသတ်ကြီးကို ပြန်ပြချင်ပါတယ် အစ်ကိုရယ်။ကိုယ့်ဟာကိုယ် စစ်မှုထမ်းဘဝမှာပဲ နေမယ်လို့ ဆုံးဖြတ်ခဲ့ရာက နောက်ကျတော့ ဘယ်လိုလုပ်ပြီးတော့ အစ်ကို ဒီဘက်ဆက်ဖြစ်သွားလဲ။

 

မောင်မောင်တာ။     ။ကျွန်တော် အဲဒီကားရိုက်ပြီး အိပ်စယ် စီယာရုံမှာ ကားကြည့်ရင်းနဲ့ ပြီးတဲ့အခါ ကျတော့ ဦးနုက အဲဒီရုပ်ရှင်ကားကိုသိပ်သဘောကျတယ်။သူလည်း ကိုယ်တိုင်ပါတာကိုး။ထိပ်ကပါတယ်လေ။သဘောကျပြီးတော့ ဦးသန့်ကို ပြောတယ်။မောင်မောင်တာကို ပြောင်းပေးရအောင်။

 

ကြည်စိုးထွန်း။     ။ဟုတ်ကဲ့ဘယ်ပြောင်းမှာလဲ။

 

မောင်မောင်တာ။     ။ဆိုလိုတာကဘာလုပ်ချင်လဲ မေးပါ။လုပ်ပေးပါမယ် ဆိုတာကို၊ အဲဒီလောက်ထိအောင် သူက ဘယ်လောက်သဘောကျလဲဆိုတော့။သူ့မင်းသားကို သဘောကျတာ မောင်မောင်တာကို သဘောကျတာ မဟုတ်ဘူး။အေးမောင်ကို သဘောကျတာ။သူ့စကားတွေကို သူပြောချင်တဲ့ စကားတွေကို ကျွန်တော်က ပြောပေးရတာ။အဲဒီတော့ ကျွန်တော်က ဝါရှင်တန်မှာ Second citizen ပေးပါ။ဦးသန့်နဲ့ အတူတူလိုက်သွားဖို့ စီမံကိန်းဆွဲလိုက်တယ်။စီမံကိန်းဆွဲပြီးတော့ အထမမြောက်ခင် ဗြိတိသျှဘားမားကနေပြီးတော့ ဒေါက်တာအောင်ကျော်ဦးကားကို ကျွန်တော့်ဆီ ရောက်လာတာပဲ။ကျွန်တော်က သုံးလအတွင်း ပြီးရင်လက်ခံမယ်။နောက်ဆုံး UN အထိ ကျွန်တော်မှန်းထားတာကို သွားဖို့။ဆိုတော့ ကားလည်းရိုက်ရော မေသစ်က ကိုယ်ဝန်ရှိလိုက်တာနဲ့ ဟိုဟာလေး ဒီဟာလေး ဖြစ်ရင်းနဲ့ တစ်နှစ်ကြာသွားတယ်။

 

မောင်မောင်တာ။     ။အဲဒီတော့ ဝန်ကြီးချုပ်က ဘယ်လို ပြောတုန်းဆိုတော့ မသွားနဲ့တော့တဲ့ဒါလုပ်တဲ့။ ကျွန်တော်က စဝင်ကတည်းက ရုပ်ရှင်ထဲမှာ သဘောထားသလို ဦးနုကလည်း ဘယ်လို ပြောတုန်းဆိုတော့ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုတဲ့။

 

ကြည်စိုးထွန်း။     ။ဪ ဒီရုပ်ရှင်ဆိုတာက။     ။

 

မောင်မောင်တာ။     ။မောင်ရင့်ကို ဒီနေ့လွှတ်နိုင်သလို အမြဲတမ်း ငါလွှတ်လို့ရတယ်။ရုပ်ရှင်ထဲမှာ မင်းသား ဖြစ်ဖို့က ငါလုပ်ပေးလို့ မရဘူးတဲ့။အဲဒီတော့ တိုင်းပြည်မှာလိုတဲ့ ရုပ်ရှင်မင်းသားနဲ့ ပတ်သက်ပြီးတော့ ဝင်လုပ်ပါ။ဗိုလ်ဗကို ကိုလည်း ပြောပါ။

 

ကြည်စိုးထွန်း။     ။ဪအားပေးတယ်နော်။     ။

 

မောင်မောင်တာ။     ။မင်းလည်း အသက်ကြီးတဲ့အခါကျတော့ Diplomatic Services က ငါ့လက်ထဲမှာပဲ ရှိတာပဲကိုး။ဆိုတော့ ကောင်းတယ်သူကတော့ လုပ်မပေးနိုင်ခဲ့ပါဘူး။အကြောင်းကြောင်း ပေါ့လေ။ဒါပေမဲ့ ကောင်းသောလမ်းကို ခင်းပေးခဲ့ပါတယ်။ကျွန်တော်လည်း ရုပ်ရှင်ထဲ ရောက်တဲ့အခါကျတော့ ပိုစပ်စုလာတာပေါ့ဗျာ။ကျွန်တော်တို့ မရောက်ခင်က နေရာတစ်မျိုးလေးပဲ။ဒါပေမဲ့ ပြောင်းတော့ ပြောင်းသွားတယ် အဲဒီနောက်ပိုင်းမှာ။ဆိုတော့ နည်းနည်းတိုးတက်လာတာလည်း ရှိပါတယ်။ကျွန်တော်လည်း အနှစ်နှစ်ဆယ် အစိတ်လောက်တော့ ပါသွားတယ်။     ။

 

ကြည်စိုးထွန်း။     ။ရုပ်ရှင် ထဲရောက်တဲ့ အခါကျတော့ဂုဏ်သိက္ခာရှိတဲ့ လူတွေရောက်လာတော့လည်း ရုပ်ရှင်လောက ဂုဏ်သိက္ခာ ရှိတာပေါ့ အစ်ကိုရယ်။အဲ လူရှုပ်လူပွေတွေရောက်တော့လည်း ရှုပ်ရှုပ်ပွေပွေ ရှိတာပေါ့။ဒါကတော့ ဘယ်နယ်မဆို ဒီလိုပါပဲ။သို့သော်လည်း ဒီမှာအစ်ကို ပြောတဲ့အခါမှာ ကျွန်တော်လည်း သတိထားစဉ်းစားမိတော့ ဟိုတစ်လောက ဦးတင်ယုနဲ့ စကားပြောတဲ့ အခါမှာ ဒီလိုပဲ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းက ရုပ်ရှင်ကို စိတ်ဝင်စားတဲ့ အကြောင်းနဲ့ ရုပ်ရှင်ကို အားပေးတဲ့အကြောင်းတွေ ကြားရတယ်။ဒီမှာဆိုရင် အစ်ကိုနဲ့ဆိုရင်လည်း ဦးနုကနေပြီးတော့ ရုပ်ရှင်ကို စိတ်ဝင်စားတယ်။ရုပ်ရှင်ကို အားပေးတယ်။ကူညီတဲ့အကြောင်းတွေ ကြားရတာ ကျွန်တော်တို့ ဒါတွေကျတော့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ဘာလို့လဲ ဆိုတော့ ဒီနေ့အထိပေါ့လေ။နိုင်ငံ့ ခေါင်းဆောင်ကြီးတွေဟာဆိုရင် ရုပ်ရှင်ကို အားပေးပြီးတော့ အခုအထိ ဝါသနာပါပြီးတော့ ကြည့်ရှုစောင့်ရှောက်တာကိုတော့ အင်မတန်ဝမ်းသာပါတယ် အစ်ကို။ဒါနဲ့ အစ်ကို ဒေါက်တာအောင်ကျော်ဦးက ရိုက်ဖြစ်ရော ဆိုပါတော့။

 

mdn

 

မောင်မောင်တာ။     ။ရိုက်ဖြစ် သွားပါတယ်။ ဒေါက်တာ အောင်ကျော်ဦးမှာ မေသစ်တို့၊ မေရီမြင့်တို့ ပါလာတယ်။

 

mdn

 

ကြည်စိုးထွန်း။     ။ဂျော်လီဆွေ၊ နောက်တက္ကသိုလ်နေဝင်း။

 

မောင်မောင်တာ။     ။ထွန်းဝေလည်း ပါတယ်။ဒေါက်တာ အောင်ကျော်ဦးမှာ ဇာတ်ဆရာအခန်း အဲဒီ တုန်းက ဇာတ်ရန်။     ။

 

ကြည်စိုးထွန်း။     ။Side part ပဲ။ဦးထွန်းဝေကလည်းနော် အစ်ကို။Side part ကနေ တဖြည်းဖြည်း တက်လာရတာ တကယ် တော်ပါတယ် သူလည်း။

 

မောင်မောင်တာ။     ။အမှန်တော့ ကားရိုက်တဲ့ အခါမှာ ထွန်းဝေက ဓာတ်ပုံရိုက်တယ်။ဓာတ်ပုံ ဝါသနာပါတယ်။ဒါပေမဲ့ အဲဒါလုပ်နေတာက သူကလည်း ဝင်ဖို့လုပ်နေတာ။ဒါပေမဲ့ အဲဒီလို တစ်စတစ်စနဲ့။

 

ကြည်စိုးထွန်း။     ။ကြိုးစားရတာပေါ့နော်။အဲဒီထဲမှာ အစ်ကိုကတဲ့ အခန်းတွေကျွန်တော်တွေ့ရတယ်။

 

မောင်မောင်တာ။     ။ဟုတ်ကဲ့ကျွန်တော် မေရီမြင့်က အဲဒီထဲမှာ အကသင်ဆရာမဆိုပြီးတော့ သူ့ စိတ်ကူးခန်းမှာ ကျွန်တော်က ကျွမ်းကျင်တဲ့ အက မေရီမြင့်ကို ကျွန်တော် ၁၅ ရက် လောက်ပဲ သင်ပေးပါတယ်။

 

mdn

 

ကြည်စိုးထွန်း။     ။ဟုတ်ကဲ့။

 

မောင်မောင်တာ။     ။အနောက် တိုင်းအက ကို ကျွန်တော် ကပြတာလည်း ပါပါတယ်။အထူးသဖြင့် Italian Valentino မင်းသားရဲ့ Tango အကလို့ ခေါ်တာပေါ့။

 

ကြည်စိုးထွန်း။     ။ဟုတ်ကဲ့။Valentinoမင်းသားရဲ့ Tango ဟုတ်လား။

 

မောင်မောင်တာ။     ။Valentinoမင်းသား က Valentino ဆိုကတည်းက လူတစ်ယောက်ကို Valentino လို့ သတ်မှတ်လိုက်ရင် အဲဒီလူက ဘယ်လောက်အရည်အချင်း ရှိတယ်လို့ သဘောပေါက်တယ်။အကက အစ။Valentino အကလို့ခေါ်ပါတယ်။Valentino  က Italian မင်းသားပေါ့လေ။

 

ကြည်စိုးထွန်း။     ။Valentino ကဘေးစောင်းဆို သိပ်ကြည့်ကောင်းတဲ့ မင်းသား။အဲဒီကားက ဆရာရွှေဒုံးဘီအောင် ဆုရတယ်။     ။

 

mdn

 

ကြည်စိုးထွန်း။     ။အစ်ကိုလည်း အမှန်တော့ အဲဒီကားထဲမှာတော်တော့်ကို ကောင်းတာပါ။ဘာလို့လဲ ဆိုတော့ အစ်ကိုက အနောက်တိုင်းယဉ်ကျေးမှုကို နှစ်သက်တဲ့သူ။အနောက်တိုင်းယဉ်ကျေးမှုကို အထင်ကြီးတဲ့သူ အဲဒီထဲမှာ၊ ဒါပေမဲ့ အမျိုးသမီးက မေသစ်က သူက မြန်မာမှု မြန်မာဟန်အနေနဲ့ မြန်မာ့အိမ်ထောင်လေးကို ထိန်းသိမ်းချင်တဲ့သူ၊ အဲဒီမှာ အစ်ကိုကလည်း ဒီအိမ်ထောင်ရေးကို မဖောက်ပြန်ချင်ပေမယ့်၊ ဒီအိမ်ထောင်ရေးကို မပျက်စီးစေချင်ပေမယ့် တစ်ဖက်မှာ အတွေ့နဲ့ အစ်ကိုက တော်တော့်ကို ဒီ….။

 

မောင်မောင်တာ။     ။အဲဒီမလွန်ဆန်နိုင်တဲ့ အတွေ့ဘဝ ရောက်သွားတဲ့အတွက် ကိုယ့်သိက္ခာပိုင်းဆိုင်ရာကို အသက်သာ ပေးသွားမယ် ဖော်မသွားဘူးဆိုတာ အဲဒါ အဲဒါပဲလေ။

 

ကြည်စိုးထွန်း။     ။နာမည် ဟာ ကျွန်တော်တို့ နောက်ပိုင်း ကြည့်တဲ့အခါမှာ Sommersby လားမသိဘူး။လူဟာ သေချင်သေသွားပါစေ။လူတစ်ယောက်ရဲ့နာမည်ဟာ အရေးကြီးတယ်ဆိုတာ ဒေါက်တာအောင်ကျော်ဦးမှာ တော်တော်သဘောကျပါတယ် ကျွန်တော်။

 

mdn

 

မောင်မောင်တာ။     ။ရှင်လျက်နဲ့ သေနေတာပါ။သေတဲ့ ဘဝက တန်တယ်။သိက္ခာတော့အကျမခံဘူး။

 

ကြည်စိုးထွန်း။     ။ဒေါက်တာ အောင်ကျော်ဦးဆိုတဲ့ နာမည်ကိုတော့ ငါအပျက်မခံနိုင်ဘူး။

 

မောင်မောင်တာ။     ။အဲဒီကား တစ်ကားလုံးမှာ နာမည်က ဒေါက်တာအောင်ကျော်ဦး၊ ကျွန်တော်က ဒေါက်တာအောင်ကျော်ဦး အကယ်ဒမီ List ထွက်လာတဲ့အခါကျတော့ ကျွန်တော် လှမ်းကြည့်တယ်။ကားကို အကယ်ဒမီပေးတယ်။ဒါရိုက်တာကို ပေးတယ်။ကုမ္ပဏီကိုပေးတယ်။မောင်မောင်တာကို မပေးဘူး။

 

ကြည်စိုးထွန်း။     ။  ဒေါက်တာ အောင်ကျော်ဦး လုပ်တဲ့ သူကို မပေးဘူး။

 

မောင်မောင်တာ။     ။  မရဘူး အမေရိကန်နိုင်ငံ ဝါရှင်တန်က အင်တာဗျူးလုပ်သေးတယ် ကျွန်တော့်ကို အဲဒီ အချိန်တုန်းက။ကျွန်တော် အဲဒီလိုပဲ ဖွင့်ပြောတယ်။ဒေါက်တာအောင်ကျော်ဦး အကယ်ဒမီ ရတယ်ဆိုတာ ကျွန်တော်ရရမှာလို့ မပေးဘူး။အဲဒါနဲ့သက်ဆိုင်ရာဝန်ကြီးနဲ့ တစ်နေ့တွေ့တဲ့ အခါကျတော့ ကျွန်တော်မေးတယ်။ဒေါက်တာအောင်ကျော်ဦး အကယ်ဒမီဆိုတာ ကျွန်တော် ဒေါက်တာအောင်ကျော်ဦး ကျွန်တော်ဘာလို့မရသလဲလို့။ဟာ မောင်ရင်ရာ မောင်ရင်က မြင်းပါတဲ့ မြင်းလေ ချိုတပ်ပေးရင် ခွေ့လည်း ခွေ့မယ်။

 

ကြည်စိုးထွန်း။     ။ဟားဟားဟား။

 

မောင်မောင်တာ။     ။ပြောသွား တာပေါ့လေ ရယ်စရာလိုလိုနဲ့၊ အဲဒီနှစ်မှာ ကိုထွန်းဝေကမင်းသားဖြစ်သွား ပြီးတော့ ဗိုလ်မြဒင်နဲ့သူက အကယ်ဒမီယူသွားတယ်။

 

mdn

 

မောင်မောင်တာ။     ။လုပ်လိုက် ပါကွာတဲ့ မင်းကလည်း ကျွန်တော့်ကို နှစ်သိမ့်တဲ့ စကားတွေပြော စစချင်းကတော့ မြင်းချိုတပ်ပေးလို့မရဘူးပြောတယ်။နှစ်သိမ့်တဲ့စကား ပြောပြီးတော့ ကျေနပ်လိုက်ပါတယ် ကျွန်တော်။ဒါပေမဲ့ မရတဲ့အကြောင်းတွေ ကြုံတုန်းကြုံတုန်းမှာ ဖော်ရတာပေါ့။နာတယ်လို့တော့ ထင်တယ်။ကျွန်တော် တန်ဖိုးထားလို့ပါဒါလည်း။။

 

ကြည်စိုးထွန်း။     ။မှန်ပါတယ် အစ်ကို မှန် ပါတယ်။တစ်ခါတလေကျတော့လည်း ကံအကြောင်း တရားပေါ့လေ ဒီလိုပဲ သဘောထားရတော့တာပေါ့။သူ့ရဲ့ အကယ်ဒမီက။သို့သော်လည်း အစ်ကိုကမှတ်မိစရာ အကြောင်းတွေ အများကြီးရှိပါတယ်။ဒေါက်တာအောင်ကျော်ဦးဆိုလည်း အစ်ကို့လုပ်ဆောင်ချက်တွေက အများကြီးကောင်းခဲ့တယ်ဆိုတာလည်း ကျွန်တော်တို့တွေ့ရတာပဲ။ခုနတုန်းကလို နှစ်ဘ၀ နှစ်နေရာမှာ သူ့ဘာသာသူ အမှားတွေ နောင်တရပြီးတော့ ဖြစ်တဲ့ခံစားမှုတွေဘာတွေ ဆိုရင်လည်း အစ်ကိုပီပီပြင်ပြင် လုပ်နိုင်တာပဲ။ရှေ့မှာဆိုရင်လည်း ဆရာဝန်ဘဝမှာ အနောက်တိုင်း ယဉ်ကျေးမှုကို နှစ်သက်ပင်နှစ်သက်သော်ငြားလည်း ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တန်ဖိုးထားတယ်ဆိုတဲ့ ပုံစံလေးတွေပြတာဆိုရင်လည်း ကောင်းတယ်အစ်ကို။နောက် ဟိုဘက်က မေရီမြင့်ကလည်း အင်မတန်လှတဲ့ မိန်းမပဲ၊ နောက်ပြီးတော့ လမ်းကလည်း အများကြီးခင်းပေးတာ အဲဒီမှာ။တော်တော်ကို ခင်းပေးတာနော်။သူက ခြေထောက်တွေနာတယ် ဘာညာဆိုပြီးတော့ အစ်ကို့ကို လမ်းခင်းပေးပြီးတော့ သွေးဆောင်မှုလေးတွေ ပါရှိတဲ့အခါကျတော့ သွားတော့မှားတော့တာပဲနော်။အဲဒါလေးတွေ ကောင်းပါတယ်။ဒေါက်တာအောင်ကျော်ဦး က အင်မတန်ကောင်းတဲ့ ကားပါ။

 

မောင်မောင်တာ။     ။မှားတာကို ပြင်တဲ့နည်း မှန်တဲ့ကား အသက်ပေးသွားတာကိုး သူက။

 

ကြည်စိုးထွန်း။     ။ကောင်းပါတယ်အစ်ကို။အဲဒီကားကတော့ ဘာပဲဖြစ်ဖြစ် အစ်ကို အကယ်ဒမီရသင့်တဲ့ ကားတစ်ကားလို့ ကျွန်တော်တို့သတ်မှတ်ရမှာပေါ့။အဲဒီကားပြီးတော့ အစ်ကို နောက် ဘာကားရိုက်ပါသေးလဲ။

 

မောင်မောင်တာ။     ။အဲဒီကားပြီးတော့“ချစ်အာရုံ” ဆိုတဲ့ ကား။

 

(ဆက်လက်ဖော်ပြပါမည်)

 

mdn