မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အကယ်ဒမီမေလွင်(အေဝမ်း)နှင့် ရုပ်ရှင်စကားဝိုင်း

မြန်မာ့ရုပ်ရှင်စကားဝိုင်း

(တွေ့ဆုံသည့်နေ့- ၁၁.၈.၂၀၀၉)

(အထူးတောင်းပန် မေတ္တာရပ်ခံချက် - ဒေါ်မေလွင်နှင့် တွေ့ဆုံစကားပြောကြစဉ်က အေဝမ်း (မေ) အုပ်စုမှ မေမြင့်ရီနှင့် မေသဇင်တို့ သက်ရှိထင်ရှားရှိနေကြောင်း မသိရှိရသည့်အတွက် “မေလွင်”ကို “မေ” အုပ်စု၏ နောက်ဆုံးတစ်ဦးတည်း ကျန်ရစ်သူအဖြစ် ပြောဆိုခဲ့ခြင်းအပေါ် အထူးမေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။ နောက်ပိုင်းတွင် “မေမြင့်ရီ” နှင့် “မေသဇင်” တို့ကို ရှာဖွေတွေ့ရှိပြီး ၎င်းတို့နှစ်ဦးစလုံး ယနေ့တိုင် ရုပ်ရှင်သက်ကြီး အကန်တော့ခံများအဖြစ် ရှိနေပါကြောင်း ဖော်ပြအပ်ပါသည်)

 

“မေ” ဆိုတာဟာ ချစ်စဖွယ်ကောင်းသော မိန်းကလေးဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒီချစ်စဖွယ်ကောင်းသော မိန်းကလေးတွေဟာ ပန်းများလိုပဲ ကြွေကြွေသွားကြတာက နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ပန်းကလေးတစ်ပွင့်နဲ့ ဒီရုပ်ရှင်စကားဝိုင်းကို ပြောဆိုဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီ “မေ”ဆိုတဲ့ ပန်းပွင့်ကလေးကတော့ “မေလွင်” ဖြစ်ပါတယ်။

 

(ဩဂုတ် ၁ ရက်မှအဆက်)

 

ကြည်စိုးထွန်း။ ။ ကောင်းတယ်နော်အစ်မ။အဲဒီ ကားလေးလည်း။

 

ဒေါ်မေလွင်။ ။ အဲဒီ ကားလေးလည်းလူတော်တော် ကြိုက်ပါတယ်။

 

mdn

 

ကြည်စိုးထွန်း။ ။ ကိုကျော်ဆွေကလည်း ရိုက်ချက်လေးတွေကလည်းကောင်းပြီး သရုပ်ဆောင်တာလေးတွေရော ကျွန်တော်မှတ်မိနေတာပေါ့လေ။ ပြန်ကြည့်ချင်တာအစ်မရယ်။ မရတော့ပါဘူးနော်။ အဲဒီတုန်းက အတွေ့အကြုံပြောပါဦး အစ်မရယ်။

 

ဒေါ်မေလွင်။ ။ အဲဒီတုန်းက ဦးကျော်ဆွေက သိပ်စေ့စပ်တာပဲ။ ဒီလို ဖိုက်တင်တို့၊ မြင်းပြေးတာ၊ ခုန်တာ၊ လွှားတာ ကင်မရာ Angel လေးယူတာတို့ ဘာတို့ဆို သိပ်ကိုတော်ပါတယ်။ အဲဒီတုန်းကဆို ချစ်မင်းလူတို့ဆိုရင် ဦးကျော်ဆွေရဲ့ တပည့်ပဲပေါ့။

 

ကြည်စိုးထွန်း။ ။ ဒါပေါ့ ဒါပေါ့။

 

ဒေါ်မေလွင်။ ။ သူကအဲဒီမှာတော်တော်လေး ပညာရပါတယ်။ သူကလည်း တော်လို့ပေါ့။ ချစ်မင်းလူကလည်း ယူတတ်လို့ပေါ့။

 

mdn

 

ကြည်စိုးထွန်း။ ။ သိပ်ပညာ လိုချင်တာဒီကောင်က။

 

ဒေါ်မေလွင်။ ။ အခု ခေတ်ကြီးမှာဦးကျော်ဆွေသာ ရှိရင် အတော်ကို တိုးတက်တဲ့ မြန်မာကားတွေ ကြည့်ရမှာလို့။

 

ကြည်စိုးထွန်း။ ။ ဟာ မှန်တယ်၊ မှန်ပါတယ်။

 

ဒေါ်မေလွင်။ ။ သူသေသွားတာ သိပ်စောသွားတယ်။

 

ကြည်စိုးထွန်း။ ။ နှမြောစရာ သိပ်ကောင်းတာပဲ။ ဒီ “ချစ်မေတ္တာ” ကောင်းတယ်။ “ပုလဲမျက်ရည်” ကောင်းတယ်။ နောက် ကိုသိန်းဇော်ပါတာ “ပုံပမာ” လား။

 

 ဒေါ်မေလွင်။ ။ “ပုံပမာ” ပါ ဟုတ်ကဲ့။ ဦးကျော်ဆွေ ရိုက်တာပဲ။ အလွန်ကောင်းပါတယ်။

 

ကြည်စိုးထွန်း။ ။ နောက် မြင်ကွင်းကျယ်တွေလည်း အများကြီး ရိုက်တယ်။ “ဒဏ်” တို့ “မြတ်နိုးသူ” တို့ တကယ့် …..

 

ဒေါ်မေလွင်။ ။ တကယ့် ပညာရှင်ကြီးပါ။နှမြောဖို့ သိပ်ကောင်းတာပဲ။

 

ကြည်စိုးထွန်း။ ။ အစ်မရေသူကအကယ်ဒမီနဲ့ လွဲသွားရှာတယ်။ ရသင့်တဲ့ကားတွေကို အများကြီးပဲ။ သို့ဪလည်း ကံပေါ့လေ။ အကယ်ဒမီဆိုတာလည်း ကံအများကြီး ပါတာကိုး။ ဦးကျော်ဆွေကတော့ အကယ်ဒမီ ရမသွားဘူး။ ဦးကျော်ဆွေတို့၊ ဦးရွှေဘတို့၊ ဦးတင်ညွန့်တို့၊ ဒိုင်ဗင်တင်လှတို့၊ ဦးကျော်တို့ အကြောင်းကတော့ သက်သက်ပြောဖို့ စီစဉ်ထားတယ်အစ်မရဲ့။ တကယ်လည်း သိပ်တော်တဲ့ လူကြီးတွေပါ။

 

ဒေါ်မေလွင်။ ။ ကိုခင်မောင်ညွန့် တို့ဆိုလည်း အင်မတန်ကြိုးစားပါတယ်။ ရာဇဝင်တွေကို သူတို့က စာတင်ထားတဲ့ သူတွေပါ။

 

mdn

 

ကြည်စိုးထွန်း။ ။ ဦးခင်မောင်ညွန့် ကောင်းတာ တစ်ခုတော့ ကျွန်တော်ကြားဖူးတယ် အစ်မရဲ့။ ဘာကောင်း လဲဆိုတော့ ဟိုတုန်းက အစ်မတို့ခေတ်က ရုပ်ရှင်ရိုက်ရင် ကိုယ့်ထမင်းချိုင့်ကိုယ်ဆွဲ သွားရတယ်လို့ ကြားဖူးတယ်။ အဲဒီမှာ ဦးခင်မောင်ညွန့်က အင်မတန် စေ့စပ်တယ် သူက။ စီးပွားရေးအမြင်ကလည်း မြင်တော့ သူတို့ ထမင်းချိုင့်နဲ့ ယူလာရရင် သွားတာလာတာနဲ့ ထမင်းစားတဲ့အချိန် ဟိုဒင်းဖြစ်မယ် ဆိုပြီးတော့ သူက စချက်ကျွေးတာ ရှုတင်မှာ။

 

ဒေါ်မေလွင်။ ။ သူက စလိုက်တာပေါ့။

 

ကြည်စိုးထွန်း။ ။ အခုထိအောင် ကျွန်တော်တို့က ရှုတင်သွားရင် ထမင်းချိုင့်ယူစရာ မလိုတော့ဘူး။ ဦးခင်မောင်ညွန့် စတာပေါ့လေ။ အဲဒီလိုကြားဖူးတယ်။

 

ဒေါ်မေလွင်။ ။ သူနဲ့လည်း တစ်ကားရိုက်ဖူးတယ် မေ့နေလို့။

 

ကြည်စိုးထွန်း။ ။ ဟုတ်လား။

 

ဒေါ်မေလွင်။ ။ ဟိုဟာလေ “အသဲလက်ဆောင်” ဆိုတာ မမကြည်ရယ်၊ ခင်မောင်ညွန့်ရယ်၊ တင်ထွန်းရယ်။

 

mdn

 

ကြည်စိုးထွန်း။ ။ အဲဒီထဲမှာ အစ်မက အင်္ကျီအကျားလေးနဲ့လား မသိဘူး။ စပို့ရှပ်လို ဟာမျိုးလေးလား မသိဘူး။

 

ဒေါ်မေလွင်။ ။ မဌေးက အငယ်၊ မမကြည်ကသားအမိ လုပ်တာကိုး။

 

ကြည်စိုးထွန်း။ ။ အဲဒီတော့ ဒေါ်ကြည်ကြည်ဌေးနဲ့လည်း အစ်မက တွဲလိုက်ရပြန်ရောနော်။ ။

 

ဒေါ်မေလွင်။ ။ ဒါရိုက်တာက ဦးချင်းစိန်။

 

ကြည်စိုးထွန်း။ ။ ဪ ဟုတ်လား အစ်မ နေဦး အစ်မ အအကား ရှိပါတယ်။ ။

 

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ အအကားလည်းရှိတယ်။ ဒါရိုက်တာ ဦးကြည်အေး။ ။

 

ကြည်စိုးထွန်း။ ။ ဪ အေဝမ်းကြည်အေး။ အဲဒီတုန်းက  သန်းကျော်ဌေး မဟုတ်သေးဘူးလား သူက။

 

mdn

 

ဒေါ်မေလွင်။ ။ မဟုတ် သေးဘူး။ ဦးကြည်အေး နာမည်နဲ့ပဲ။

 

ကြည်စိုးထွန်း။ ။ အေဝမ်းကြည်အေး နဲ့ပဲရိုက်တာနော်။ ဟုတ်ကဲ့ အေဝမ်းကြည်အေး(ခ) ဒါရိုက်တာ သန်းကျော် ဟုတ်ကဲ့ အဲဒါက။

 

ဒေါ်မေလွင်။ ။ အဲဒါကလည်း အေဝမ်း ကကားပဲ။ ဦးကြည်အေး  ရိုက်တာ။ ကိုမြင့်အောင်နဲ့ “ချစ်စေတနာ” တဲ့။ ဒေါ်မေနုပါတယ် အဲဒီထဲမှာ။ မဌေး စကား မပြောတဲ့ကားပေါ့။ အဲဒီကားက ဆန်ခါတင် ရွေးတဲ့ထဲမှာ ပါသွားတယ်။ (56) ကလား မသိဘူး။ အဲဒီတုန်းက။ ။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အစ်မ။ (56) က အစ်မရတဲ့နှစ် ထင်တယ်နော်။ ။

 

ဒေါ်မေလွင်။ ။ ပေးတုန်းကတော့ မဌေးကို (55) မှာ ပေးတယ်။ (55) မှာ ပေးပြီးတော့ (56) မှာ သုံးယောက် ဆန်ခါတင်မှာ ဒေါ်မြလေးရယ်၊ မြင့်မြင့်ခင်ရယ်၊ မဌေးရယ် သုံးယောက် ဆန်ခါတင်။ ဟိုတုန်းက အဲဒီလို ဆန်ခါတင်ရှိတယ်လေ။

 

ကြည်စိုးထွန်း။ ။ ဟုတ်ပြီ ဟုတ်ပြီ ကြားဖူးတယ် ကြားဖူးတယ်။ အဲဒီမှာ ဒေါ်မြင့်မြင့်ခင်က “ချစ်ညီမ”နဲ့ ရသွားတယ်။ ဒေါ်မြလေးနဲ့ သုံးယောက်ဆန်ခါတင် ကောင်းလိုက်တာ အစ်မရယ်။ အစ်မ အကယ်ဒမီရတော့ ရုပ်ရှင်အစည်းအရုံးမှာ။

 

ဒေါ်မေလွင်။ ။ ရုပ်ရှင်အစည်းအရုံးမှာအဲဒီတုန်းက။ ။

 

ကြည်စိုးထွန်း။ ။ ပြဇာတ်နဲ့ ရုပ်ရှင်အစည်းအရုံးပေါ့နော်။ အဲဒီ  တုန်းက အခု (၁၆) ဝင်္ကဘာလမ်းပေါ့။ အဆောက်အအုံကြီးက ဟိုအဆောက်အအုံကြီးပဲရှိမှာပေါ့ အခုပြတိုက်။

 

ဒေါ်မေလွင်။ ။ နောက် ပြတိုက်တွေဘာတွေ မရှိသေးဘူး။ အခု ဆောက်ထားတဲ့နေရာမှာ ဇာတ်စင်တွေ ထိုးပြီးတော့ အဲဒီမှာ ဒေါ်မေနွဲ့တို့ ကတယ်။ မင်းသမီးလိုဝတ်ပြီးတော့ ရာမတွေ ဘာတွေ ကကြတယ် အဲဒီမှာ။ ပျော်ပွဲရွှင်ပွဲတွေ အဲဒီမှာ လုပ်တယ်။ ဘူးသီးကြော်ဆိုင်တွေ ဘာတွေနဲ့ အဲဒီမှာ။ အဲဒီတုန်းကတော့ အကျယ်ကြီးလို ဖြစ်နေတာပေါ့။

 

ကြည်စိုးထွန်း။ ။ ရုပ်ရှင်သမားတွေချည်းပဲပျော်စရာကြီး ပေါ့နော်။

 

ဒေါ်မေလွင်။ ။ ဦးထွန်းဝေတို့ ဘာတို့အဲဒီတုန်းက။

 

ကြည်စိုးထွန်း။ ။ ဟုတ်လား။

 

ဒေါ်မေလွင်။ ။ အဲဒီနှစ်က ဦးထွန်းဝေရတယ်နဲ့ တူတယ်။

 

ကြည်စိုးထွန်း။ ။ ဟုတ်လား။ သူက “ဗိုလ်မြဒင်” ထင်တယ် အစ်မရဲ့။ “ဗိုလ်မြဒင်”နဲ့ ရတာဖြစ်လိမ့်မယ်။ နို့မဟုတ်လည်း “ကကြီးရေက”။

 

ဒေါ်မေလွင်။ ။ “ကကြီးရေက” ရတော့ ရုပ်ရှင်မှာ မဟုတ်တော့ဘူး။ ဘယ်မှာလဲ မသိဘူး။

 

ကြည်စိုးထွန်း။ ။ “ဗိုလ်မြဒင်” ဖြစ်မယ်။ အဲဒါဆိုရင်တော့။ နောက်တစ်ခုက တစ်ခါအစ်မက ဦးသာဓု တို့ပေါ့နော်။ သဘာဝအုပ်စုပေါ့။ အဲဒီအုပ်စုနဲ့လည်း ရိုက်သေးတယ်နော်။

 

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ ရိုက်ပါတယ်။ “ဘယ်ပန်းသာလို့ ယဉ်” ဆိုပြီးတော့။ မြတ်မွန်ရယ်၊ မဌေးရယ်၊ ကိုနေဝင်းရယ်။

 

ကြည်စိုးထွန်း။ ။ ကောလိပ်ဂျင်နေဝင်းနဲ့ အစ်မက ယောက်ျားလျာလားမသိဘူး အဲဒီထဲမှာ။ အဲဒီလို ရိုက်တာလည်း တွေ့ဖူးတယ်။

 

ဒေါ်မေလွင်။ ။ ကိုမျိုးလှိုင် လည်းပါတယ်။

 

mdn

 

ကြည်စိုးထွန်း။ ။ ဪ ဟုတ်ပြီ ပဒေသာဖလင်က။ ဒါရိုက်တာ ကတော့ ဦးသာဓု။

 

ဒေါ်မေလွင်။ ။ ရိုက်နေတုန်းပဲ။ ကားတောင် ရုံမတင်ခင် သူဆုံးသွားတယ် ကိုမျိုးလှိုင်။

 

ကြည်စိုးထွန်း။ ။ အခု စန္ဒရားတင်ဝင်းလှိုင်ရဲ့ အဖေပေါ့။ “ဘယ်ပန်းသာလို့ယဉ်” ရိုက်ပြီး ရုံမတင် ရသေးခင်ကို ကိုမျိုးလှိုင် ဆုံးသွားရှာတယ်။ ဒါကြောင့်မို့ တစ်ခါ ဦးသာဓုက ကိုတင်ဝင်းလှိုင်ကို ထိန်လင်းဆိုပြီးတော့ “တာဝန်” ဆိုတဲ့ ကားနဲ့ ဦးသာဓုရိုက်တာ၊ ဒီလိုအဆက်တွေနဲ့ တူပါတယ်နော်။ ကိုတင်ဝင်းလှိုင်ကလည်း မင်းသား ဖြစ်ရမယ့်ရုပ်၊ ဘယ့်နှယ်ကြောင့် ဒီစန္ဒရားမှာ သိပ်ကိုတော်သွားတာ စန္ဒရားဆရာ ဖြစ်သွားတယ် မသိဘူး။ ။

 

mdn

 

ဒေါ်မေလွင်။ ။ ကံက ဟိုဘက်ကိုပါသွားတာ။

 

ကြည်စိုးထွန်း။ ။ မှန်တာပေါ့ အစ်မရယ်နော်။ နောက်တစ်ခု ကိုသက်နောင်နဲ့ ရိုက်တဲ့ကားတစ်ကား ရိုသေးတယ်။ “ရည်ရွယ်သည်မှာ”။

 

ဒေါ်မေလွင်။ ။ ကိုဝင်းညွန့်နဲ့။

 

mdn

 

ကြည်စိုးထွန်း။ ။ ဟုတ်တယ် ကိုဝင်းဦးရဲ့ အစ်ကို၊ ကိုအောင်မိုးတို့ အစ်ကို ကိုဝင်းညွန့်ပေါ့နော်။ ဝင်းညွန့်လည်း လူချောပဲ။ သူက ဣန္ဒြေရရ ချောတာနော်။ ဣနြေလည်း ရှိတယ်။ လူကလည်း သန့်သန့်ပြန့်ပြန့် ယောက်ျားပီပီသသောတာ။

 

ဒေါ်မေလွင်။ ။ ဥပဓိရုပ်ကောင်းတယ်။

 

ကြည်စိုးထွန်း။ ။ နောက် ပြီးတော့အိုက်တင်လုပ်ရင် သူက steady ပဲ။ အေးအေးဆေးဆေးလေး လုပ်တယ်။ ကောင်းပါတယ် ကိုဝင်းညွန့်လည်း။ စောစောဆုံးသွားရှာတယ်နော် အစ်မ။ နောက်တစ်ခုက ဇမ္ဗူအေးနဲ့ အစ်မ တစ်ကားရိုက်သေးတယ်။

 

ဒေါ်မေလွင်။ ။ မရီတို့၊ မမြင့်တို့နဲ့။

 

ကြည်စိုးထွန်း။ ။ “ကော်ကောင်”။

 

mdn

 

ဒေါ်မေလွင်။ ။ ကိုနေဝင်းနဲ့။ “ကောလိပ်ဂျင်” ပြီးတော့ သူတို့ ညီအစ်မနှစ်ယောက်က ကိုနေဝင်းကို တင်လိုက်တာကိုး။ အဲဒါပြီးတော့ ဒုတိယကားမှာ မဌေးကို ကော်ကောင်ဆိုတာ အဲဒါ။ ကောလိပ်ဂျင်နေဝင်းကို မဌေးနဲ့ စပြီးတော့ ထုတ်တာ ဒုတိယကား။

 

ကြည်စိုးထွန်း။ ။ အစ်မ အဲဒီတုန်းကတော်တော် ငယ်သေး တာပဲနော်။ ကိုနေဝင်းကြီးနဲ့တွဲတာ အဲဒီကား  ကောင်းတယ် အစ်မ အဲဒီကားလည်း။ “ကော်ကောင်” အဲဒါက မောင်မောင်သောင်းလားလို့။

 

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ ဒါရိုက်တာ ဦးမောင်မောင်သောင်းပါ။

 

mdn

 

ကြည်စိုးထွန်း။ ။ သူလည်း သုံးဆယ်ကျော်လေးမှာပဲ ဆုံးသွားရှာပြီနော်။

 

ဒေါ်မေလွင်။ ။ ငယ်တယ် အသက်သိပ်ငယ်တယ် ဆုံးတာ။

 

ကြည်စိုးထွန်း။ ။ သူက ဖန်စီကားလေးတွေခေါ်မလား။ လေးလေးနက်နက် ကားလေးတွေပေါ့။ ငြိမ်ငြိမ်လေးတွေပေါ့နော် အစ်မ တကယ့်သဘာဝနဲ့ ငြိမ်ငြိမ်ကားမျိုးလေးတွေ မောင်မောင်သောင်းက  ရိုက်တယ်။ သူ့ကို ကျွန်တော်အများကြီး သတိထားမိတယ်။ “မုံး” တို့ ဘာတို့က သူပဲထင်တယ်နော်။ ။

 

ဒေါ်မေလွင်။ ။ ဟုတ်ပါတယ်။ “မုံး”လည်း သူပဲ။ Slow Book တောင် သူပြန်ရိုက်ဖို့ ကောလိပ်ဂျင်နေဝင်းနဲ့  မဌေးနဲ့ ရိုက်နေရင်းတန်းလန်း ဆုံးသွားတာ။

 

ကြည်စိုးထွန်း။ ။ ကားနာမည်ကျတော့ရော။  

 

ဒေါ်မေလွင်။ ။ ကားနာမည်က ရွက်လှ ဆိုလား မသိဘူး။ ။

 

ကြည်စိုးထွန်း။ ။ စိတ်ကူး ကောင်းတယ်အစ်မရဲ့ နော်။ စိတ်ကူး ကောင်းပြီးတော့ တကယ်တော်တဲ့လူတွေက ငယ်ငယ်နဲ့ဆုံးသွားကြတယ် ထင်ပါရဲ့။ ကျွန်တော်တို့လို လူတွေပဲ ကျန်နေတယ်။ ဟုတ်ပါပြီ အစ်မ ကဲပြောပါဦး နောက်ထပ် ကျတော့ ဘာတွေရှိဦးမလဲ။

 

ဒေါ်မေလွင်။ ။ နောက်ထပ်ကတော့မဌေး နောက်ပိုင်းမှာ ဘာမှ မလုပ်တော့ပါဘူး။ ဘုရားတရားအလုပ်ပဲ လုပ်ပါတယ်။

 

ကြည်စိုးထွန်း။ ။ အစ်မ ဟိုဒင်းတို့ရှိသေးတယ်။ မြန်မာ့အသံ၊ ရုပ်မြင်သံကြားပေါ်တော့ အစ်မတို့...

 

ဒေါ်မေလွင်။ ။ မြန်မာ့အသံရုပ်မြင်သံကြားမှာ မောင်သိန်းထွဋ်၊ မောင်သန်းထွဋ်က ဟိုးအရင် “မောင်နှံခုနစ်ဖော်” ကို ပြန်ပြီးတော့ရိုက်တယ် သူတို့။

 

ကြည်စိုးထွန်း။ ။ ရိုက်တော့အရင်အဟောင်းတွေက အစ်မနဲ့အတူ ဘယ်သူပါနိုင်သေးလဲ။

 

ဒေါ်မေလွင်။ ။ အဟောင်း တွေထဲက တစ်ယောက်မှ မပါဘူး။ မဌေးပဲ နဂိုနေရာမှာ ပြန်ပြီးတော့ မောင်ဝင်းလှိုင်နဲ့။

 

ကြည်စိုးထွန်း။ ။ ဝင်းလှိုင် ဟုတ်ပြီ သမန်းကျားက။

 

 

ဒေါ်မေလွင်။ ။ သမန်းကျား အုပ်စုနဲ့ရိုက်တယ်။ ကျန်တာတွေက အကုန်လုံး သမန်းကျားအုပ်စုတွေ ချည်းပဲ။ မောင်သိန်းထွဋ်၊ မောင်သန်းထွဋ် နောက်ပြီးတော့ တိုးညွန့်ပါတယ်။

 

ကြည်စိုးထွန်း။ ။ အေဝမ်း နောက်မျိုးဆက်သစ်တွေပေါ့နော် အစ်မ။ ကိုမြင့်တို့ရော။

 

ဒေါ်မေလွင်။ ။ ကိုမြင့်ပါလားတောင် မသိဘူး။ အားလုံးအဲဒီမှာ ဝဏ္ဏတို့ အကုန်လုံးပါတာပေါ့။ သူတို့ညီအစ်ကိုတွေ နောက်ပေါ်တဲ့ မင်းသမီးတွေပေါ့။

 

ကြည်စိုးထွန်း။ ။ အဲဒီနောက်ပိုင်းမှာတော့ အစ်မက တရားဘက် ရောက်သွားတာပေါ့နော်။ မဟာစည် တရား စခန်း။

 

ဒေါ်မေလွင်။ ။ မဟာစည်ကနေ ချမ်းမြေ့ရိပ်သာ ရောက်ပါတယ်။ အဲဒီ ချမ်းမြေ့မှာပဲ နှစ်တိုင်းနှစ်တိုင်း မှန်မှန် တရားဝင်သွားပါတယ်။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အစ်မရယ်။

 

ဒေါ်မေလွင်။ ။ အခု နောက်ပိုင်းတော့ နှလုံးရောဂါဖြစ်လာတော့  အဲဒီမှာ ခဏခဏ မူးတာတွေဖြစ်တော့ သူများကို ဒုက္ခမပေးချင်တာနဲ့ ကိုယ့်ဟာကို  အိမ်မှာပဲ ခြံဝင်းထဲမှာပဲ တစ်ပါးကျောင်းလေး ဆောက်ပြီးတော့ အဲဒီမှာပဲ တရားကျင့်သလို တစ်နေ့သုံးကြိမ် မှန်မှန်ပဲ အိမ်မှာပဲ တရားထိုင်ပြီး နေနေတယ်။ ။

 

ကြည်စိုးထွန်း။ ။ ကောင်းပါတယ် အစ်မရယ်။ ဒါကြောင့်မို့လည်း အသက်ရှည်တာပေါ့နော်။ ရုပ်ရှင်အလုပ်  ဆိုတာကလည်း ရုပ်ရော၊ စိတ်ရော ရင်းပြီးလုပ်ရတဲ့အလုပ် အစ်မရဲ့။ တစ်ကားတစ်ကား ရိုက်ပြီးရင်း တစ်ခါတည်းကို မြွေများလိုပေါ့  မြွေများပေါက်လိုက်လို့ရှိရင်...  

 

ဒေါ်မေလွင်။ ။ အတော် စိတ်ထည့်ပြီးလုပ်လို့ရှိရင် သိပ်ပင်ပန်းပါတယ်။

 

ကြည်စိုးထွန်း။ ။ မှန်ပါတယ် အစ်မ။ ဒါကြောင့်မို့လည်း ကြီးလာတဲ့အခါမှာ နှလုံးရောဂါတွေ ဘာတွေ ဖြစ်ပြီးတော့ မခံနိုင်ဘူးပေါ့နော်။ အဲဒီလိုဖြစ်ရတာ စိတ်ကိုပင်ပန်းတာကိုး။ အခုတော့  အစ်မကောင်းပါတယ်။ ကျွန်တော်လည်း အခု အစ်မသွားကြိုပြီးတော့ ဒီလာတဲ့အခါကျတော့ အစ်မနေရတဲ့ နေရာလေးကလေ အေးအေးချမ်းချမ်းလေးနဲ့ နောက်ဘုရားလေးနဲ့ဆိုတော့ သိပ်ကြည်နူးစရာ ကောင်းတယ်။

 

ဒေါ်မေလွင်။ ။ ဘိုးဘိုး ဦးအောင်ချမ်းသာ တည်သွားတဲ့ ဘုရားလေး။ အဲဒီဘုရားလေးမှာပဲ မဌေး ဝေယျာဝစ္စလုပ်ပြီးတော့ နေပါတော့တယ်။

 

ကြည်စိုးထွန်း။ ။ ကောင်းပါတယ် အစ်မရယ်။ နေရတဲ့ နေရာ ကလည်း ကိုယ့်ကို ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင်ရဲ့ နေရာလေးမှာနော်။ ကိုယ်က ဒီလိုလေးနေပြီးတော့ သူ့အတွက်လည်း မေတ္တာပို့ပေါ့ ဟုတ်လား။ ။

 

ဒေါ်မေလွင်။ ။ ကျေးဇူးရှင်တွေ အမြဲတမ်း မေတ္တာပို့ပြီးတော့ သူတို့ ဘိုးဘွားလက်ထက်ကတည်းက ဘိုးဘွားပိုင် ဘုရားမှာပဲ သူတို့အတွက် လုပ်ပေးပြီးတော့ နေနေပါတယ်။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အစ်မရယ်။ ဟုတ်ကဲ့ ဟုတ်ကဲ့။ အစ်မက အခုလို တရားနဲ့မွေ့လျော်ပြီးတော့ ရုပ်ရှင်လောကထဲမှာ ကျင်လည်ခဲ့ရတဲ့ အကြောင်းလေးတွေ ပြောပြောပြီးတော့ အဲဒီက အေဝမ်းဆက်အေဝမ်းမှာ “မေ” တွေပေါ့လေ။ ချစ်စရာကောင်းသော မိန်းကလေးတွေပေါ့။ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေထဲမှာ တရားနဲ့မွေ့လျော်ပြီး ကျန်ရစ်ခဲ့တာဆိုတော့ ကျွန်တော်တို့က အများကြီး ပီတိဖြစ်ပါတယ်။ အခုလိုပြောသွားတာကိုလည်း ကျွန်တော်တို့က အများကြီး အစ်မအပေါ်မှာ ကျေးဇူးတင်ပါတယ်။ တရားနဲ့ မွေ့လျော်ပြီးတော့ ကျွန်တော်တို့ ရုပ်ရှင်ရာပြည့်ထိအောင် နေပါဦး။ နောက်ပြီးတော့ သီတင်းကျွတ်တိုင်း သီတင်းကျွတ်တိုင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ ပြီးတော့ ရုပ်ရှင်သက်ကြီးတွေကိုလည်း  ပူဇော်ပါတယ်။ အဲဒီပူဇော်ပွဲမှာလည်း နှစ်တိုင်းနှစ်တိုင်း ဆက်ပြီးတော့ အပူဇော် ခံပါဦး။ ကျွန်တော် ဒီနေရာက ရုပ်ရှင်လောကသားတွေရဲ့ ကိုယ်စား မေတ္တာရပ်ပါတယ်။ ကျွန်တော်တို့ အစ်မကို ပူဇော်ကန်တော့ရတယ်ဆိုတာ တစ်ချိန်က အေဝမ်းမှာ “မေ” အဖြစ် “မေ”တွေကို ကိုယ်စားပြုတဲ့ “မေ” အနေနဲ့ ကန်တော့ရခြင်း ဖြစ်ပါတယ်။ အစ်မတစ်ယောက်ကို ကန်တော့ရတာ “မေ” အများကြီး ကန်တော့ရသလို ခံစားရပါ တယ်။

 

ဒေါ်မေလွင်။ ။ မဌေးလည်း အားလုံးကိုမေတ္တာပို့ ဆုတောင်းပေးပါတယ်။

 

ကြည်စိုးထွန်း။ ။ အဲဒီတော့ အစ်မအနေနဲ့ကလည်း ရုပ်ရှင် လောကသားတွေနဲ့ အစ်မရဲ့တစ်ချိန်က ပရိသတ်တွေကို ပြောစရာရှိတာလေး ပြောပေးပါ အစ်မရယ်။

 

ဒေါ်မေလွင်။ ။ မဌေးကတော့ အားလုံး ပရိသတ်တွေကို မဌေးပြုသမျှ ကုသိုလ်ကောင်းမှုတွေ အားလုံးကို အမျှပေးဝေပါတယ်။ နောက်ပြီးတော့ ရတနာသုံးပါးကို မမေ့ဖို့ဆိုတာ အဲဒါလေး တစ်ခုတော့ မဌေး ပြောချင်ပါတယ်။ ရုပ်ရှင်လောကသားတွေလည်း အားလုံးချစ်ချစ်ခင်ခင်နဲ့ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ကူညီပြီးတော့ ဆက်လက်ပြီးတော့ ရှင်သန်နိုင်ပါစေလို့။ ဘုရားတရား မမေ့ဘဲ နေနိုင်ကြပါစေလို့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အစ်မဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် အစ်မရယ် ကန်တော့ပါတယ် အစ်မ။ ။