မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်နှင့် နောက်တန်းအစွန်လူ ဟိန်းဖြိုးဝင်း ဒဏ်ရာပြဿနာကြောင့်  FIFA-Asean Cup ပြိုင်ပွဲ လွဲချော်မည်

ရန်ကုန်    စက်တင်ဘာ    ၂၀

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်နှင့် နောက်တန်းအစွန်လူ ဟိန်းဖြိုးဝင်း တို့သည် ဒဏ်ရာပြဿနာများကြောင့် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပမည့် ၂၀၂၆ FIFA-Asean Cup ပြိုင်ပွဲနှင့် လွဲချော်မည်ဖြစ်သည်။

မောင်မောင်လွင်နှင့် ဟိန်းဖြိုးဝင်းတို့ နှစ်ဦးစလုံး ဒူးဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထိုင်းနိုင်ငံသို့ စေလွှတ်ကာ ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။

ယင်းကစားသမားနှစ်ဦးသည် မြန်မာ့လက်ရွေးစင်အသင်း၏ အနီးဆုံးပြိုင်ပွဲဖြစ်သည့် FIFA-Asean Cup ပြိုင်ပွဲ လွဲချော်မည်ဖြစ်ပြီး ကျန်ရှိသည့်ကစားသမားများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းသည် FIFA-Asean Cup ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MFF