ရန်ကုန် ဩဂုတ် ၂
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၈)ကို သြဂုတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ပွဲစဉ်(၈)အဖြစ် သြဂုတ် ၃ ရက်တွင် YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် Young Lionesses အသင်း၊ ပဒုမ္မာကွင်း၌ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်း၊ သြဂုတ် ၄ ရက်တွင် YUSC ကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် ဧရာဝတီအသင်း၊ သြဂုတ် ၅ ရက်တွင် YUSC ကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် မြဝတီအသင်း၊ ပဒုမ္မာကွင်း၌ ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲစဉ်(၇)အပြီးတွင် အား/ကာသိပ္ပံအသင်း က ၁၉ မှတ်ဖြင့် ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၁၆ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၄ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၁၃ မှတ်၊ ရတနာပုံအသင်းက ၁၁ မှတ်၊ သစ္စာအားမာန် အသင်းက ၁၀ မှတ်၊ မြဝတီ၊ Young Lionesses နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့က ခြောက်မှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းမှာမူ ခုနစ်ပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။ အမျိုးသမီးလိဂ်ပွဲစဉ်များမှာ ယခုရာသီတွင် ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိသလို AYA Pay player of the Match ကိုလည်း တစ်ပွဲလျှင် ငွေကျပ်ငါးသိန်းအထိ တိုးမြှင့်ချီးမြှင့််ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MWL


