မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့အတွက် ဇွဲကပင်ယူနိုက်တက်ကစားသမားသစ်များ ရွေးချယ်မည်

ရန်ကုန်  ဩဂုတ်  ၁၉

ဇွဲကပင်ယူနိုက်တက် အမျိုးသမီးအသင်းသည် Myanmar Women's League 2026-27 ပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များအတွက် ကစားသမားသစ်များ ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကစားသမားသစ်လူရွေးချယ်ပွဲကို လာမည့် ဩဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ရန်ကုန်မြို့ရှိ နဝဒေးဘောလုံးကွင်း၌ နေ့စဉ် မွန်းလွဲ ၃ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လိုသည့် အမျိုးသမီးဘောလုံးသမားများအနေဖြင့် အားကစားဝတ်စုံအပြည့်ဖြင့်  လာရောက်ရွေးချယ်ခံနိုင်ကြောင်း ဇွဲကပင်ယူနိုက်တက်အသင်းက ဖိတ်ခေါ်ထားသည်။

ဇွဲကပင်ယူနိုက်တက်  အမျိုးသမီးအသင်းသည် ယခုရာသီ ပထမအကျော့ပွဲစဉ် ကိုးပွဲကစားအပြီးတွင်   နှစ်ပွဲနိုင်၊  ခုနစ်ပွဲရှုံးရလဒ်ဖြင့် အမှတ်ပေးဇယားအဆင့် (၈) နေရာ၌ ရပ်တည်လျက်ရှိသည်။

နေမျိုး၊ ဓာတ်ပုံ-ZUFC