ရန်ကုန် ဩဂုတ် ၁၀
MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၂) နောက်ဆုံးနေ့ကို သြဂုတ် ၁၀ ရက်က ဆက်လက်ကျင်းပရာ ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်တို့ နိုင်ပွဲရရှိသည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရရှိသည်။
နှစ်သင်းစလုံး အပြန်အလှန်သွင်းဂိုးများဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး နှစ်သင်းပေါင်း သွင်းဂိုး ကိုးဂိုးအထိရှိခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းအတွက် ဂိုးများကို ၁၈၊ ၂၃၊ ၃၀၊ ၆၇ မိနစ်တွင် မင်းမင်းခန့်၊ ၄၈ မိနစ်တွင် ညီနိုင်တို့က သွင်းယူပြီး စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ချေပဂိုးများကို ၄၁၊ ၆၉၊ ၉၀+၂ မိနစ်တွင် ပိုင်သက်ဦး၊ ၆၁ မိနစ်တွင် ကျော်ဝင်းစိုးတို့က သွင်းယူသည်။
ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက Galaxy အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ရှမ်းယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၄ မိနစ်တွင် ကောင်းခန့်ဟိန်းက သွင်းယူသည်။
ပွဲစဉ်(၁၂)အပြီးတွင် အား/ကာ သိပ္ပံအသင်းက ၂၉ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၂၇ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်းက ၂၅ မှတ်၊ သစ္စာအားမာန်အသင်းက ၂၄ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၂၂ မှတ်၊ Falcon အသင်းက ၁၉ မှတ်၊ ရတနာပုံအသင်းက ၁၈ မှတ်၊ Galaxy အသင်းက ၁၆ မှတ်၊ ရန်ကုန်စီးတီးအသင်းက ၁၅ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းက ၁၄ မှတ်၊ ဧရာဝတီယူနိုက်တက်အသင်းက ၁၃ မှတ်၊ စစ်ကိုင်းယူနိုက်တက်အသင်းက ၁၁ မှတ်၊ မြဝတီအသင်းက ခြောက်မှတ်၊ Chinland အသင်းက တစ်မှတ်ရရှိထားသည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MNL


