မင်းလှမြို့နယ်၌ တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်

မင်းလှ အောက်တိုဘာ ၁၉

 

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်းနေကြာသီးနှံ တိုးချဲ့ စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး တောင်သူပညာပေး ဆွေးနွေးပွဲကို ကရင်တအိမ်ကျေးရွာ၌ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးက ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့် အသုံးပြု စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန် ကန်ရေး စသည်တို့ကို ဆွေးနွေးသည်။

 

ဆွေးနွေး

 

ထို့ပြင် နွေစပါးရာသီတွင် ဈေးကွက် ကောင်းမွန်သော ရေဆင်းပေါ်ဆန်း - ၁၊ ရေဆင်း ပေါ်ဆန်း - ၂ စပါးမျိုးများ တိုးချဲ့ စိုက်ပျိုးရေး၊ ဆောင်းဆီထွက် ပဲပုပ် တိုးချဲ့စိုက်ပျိုးရေးနှင့် တောင်သူများ သုံးစွဲလျက်ရှိသော အမိုနီယမ် ဆာလဖိတ် မြေဩဇာအသုံးပြုရာတွင် ထုတ်ပြန်ထားသည့် သတိပေး နှိုးဆော်ချက်များအား လိုက်နာ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ပေါက်စ(မင်းလှ)