မွန်ဂိုးလီးယားနိုင်ငံသို့ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှု မြင့်တက်

အောက်တိုဘာ ၈

မွန်ဂိုးလီးယားနိုင်ငံသို့ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၈၅၆၆၃၆ ဦးဝင်ရောက်မှုရှိရာ လွန်ခဲ့သောနှစ်က နိုင်ငံတကာခရီးသွားဝင်ရောက်မှု စုစုပေါင်းအရေအတွက်ထက် ကျော်လွန်သွားခဲ့ကြောင်း မွန်ဂိုးလီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏ပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာများက ယမန်နေ့က ဖော်ပြခဲ့သည်။

၂၀၂၅ ခုနှစ်က နိုင်ငံခြားခရီးသွား ၈၄၇၀၀၀ ကျော် ဝင်ရောက်မှုရှိရာ ယခင်နှစ်ကထက် ငါးရာခိုင်နှုန်း တိုးလာခဲ့သည်ဟု သိရသည်။

ခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏ပြောကြားချက်အရ ထိုကာလအတွင်း ရုရှား၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခရီးသွားများလာရောက်လည်ပတ်မှုများပြားသည်ဟု သိရသည်။

မွန်ဂိုးလီးယားအစိုးရသည် ခရီးသွားလုပ်ငန်းကို အဓိကကဏ္ဍတစ်ခုအဖြစ် ရှုမြင်ပြီး ရိုးရာအစဉ်အလာအရ သတ္တုတွင်းထွက်ကုန်များအပေါ် များစွာမှီခိုအားထားခဲ့ရသည်။

မွန်ဂိုလီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ပြင်းထန်သော ရာသီဥတုကြောင့် ရာသီအလိုက် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ခဲ့ရပြီး ထိုစိန်ခေါ်မှုများကိုဖြေရှင်းနိုင်ရန် တစ်နှစ်ပတ်လုံး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယင်းကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် "မွန်ဂိုလီးယားသို့ သွားရောက်လည်ပတ်ရမည့် နှစ်များ" လှုပ်ရှားမှုကို ၂၀၂၈ ခုနှစ်အထိတိုးချဲ့ထားကာ နှစ်စဉ်နိုင်ငံခြားခရီးသွား တစ်သန်းထက်မနည်း လာရောက်ရန် ရည်မှန်းထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို