မြန်အောင်မြို့၌‌ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

မြန်အောင် ဇူလိုင် ၂၉

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ရေပြင်ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို အမှတ်(၁)ရပ်ကွက် ဆည်မြောင်းတာမိုင် ၅/၅ ရှိ ‌ဧရာဝတီမြစ်အတွင်း၌ ဇူလိုင် ၂၈ ရက်က ဆောင်ရွက်သည်။

 

သရုပ်ပြဆောင်ရွက်

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက အမှာစကားပြောကြားပြီး မြစ်အတွင်း သွားလာနေသည့်ရေယာဉ်များ မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်သရုပ်ပြခြင်းနှင့် လှေတိမ်းမှောက်မှုအား ပြည်သူများအသက်အန္တရာယ် ဘေးလွတ်ကင်းစေရန် ကယ်ဆယ်ရေးဆောင်ရွက်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစု၍ ပရဟိတအဖွဲ့များက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဦးသာ