မလေးရှားနိုင်ငံတစ်ဝန်း၌ လေထုအရည်အသွေး ဆက်လက်နိမ့်ကျလျက်ရှိ

ကွာလာလမ်ပူ   စက်တင်ဘာ   ၃၀

မလေးရှားနိုင်ငံတစ်ဝန်း၌ လေထုအရည်အသွေး ဆက်လက်နိမ့်ကျလျက်ရှိပြီး ဒေသပေါင်းများစွာတွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အဆင့်သတ်မှတ်ချက်များ  မှတ်တမ်းတင်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

လေထုညစ်ညမ်းမှု အညွှန်းကိန်း(API) စီမံခန့်ခွဲမှုစနစ်၏ အချက်အလက်များအရ ဆီလန်ဂေါပြည်နယ်သည် အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရပြီး ဂျိုဟန်စတီယာခရိုင်တွင် လေထုညစ်ညမ်းမှု အညွှန်းကိန်းအဆင့် ၁၇၅ နှင့် ပြည်နယ် မြို့တော် ရှားအလမ်၌ ၁၆၉ အသီးသီး မှတ်တမ်းတင်ခဲ့သည်။

မြို့တော် ကွာလာလမ်ပူ၌လည်း ကျန်းမာရေးကို ထိခိုက်စေသည့် အဆင့်သတ်မှတ်ချက်များ တွေ့ရှိခဲ့ရပြီး ချာရပ်စ်ဒေသတွင် ၁၇၀ နှင့်  ဘာတုမူဒါဒေသတွင် ၁၆၃ အသီးသီး မှတ်တမ်းတင်ခဲ့သည်။

နိုင်ငံ၏ လေထုအရည်အသွေး သတ်မှတ်ချက်များအရ လေထုညစ်ညမ်းမှု အညွှန်းကိန်းအဆင့် ၀ မှ ၅၀ အထိကို “ကောင်းမွန်သည်”၊ ၅၁ မှ ၁၀၀ အထိကို “အသင့်အတင့်ရှိသည်” ၊ ၁၀၁ မှ ၂၀၀ အထိကို “ကျန်းမာရေးထိခိုက်စေသည်”၊ ၂၀၁ မှ ၃၀၀ အထိကို  “ကျန်းမာရေးကို အလွန်ထိခိုက်စေသည်” နှင့် ၃၀၁ နှင့် အထက်ကို “အန္တရာယ်ရှိသည်” ဟု သတ်မှတ်ထားသည်။              

အင်န်အိတ်ချ်ကေ