မကွေးတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေးကျင်းပ

မကွေး အောက်တိုဘာ ၂၁

 

တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ကြီးမှူးကျင်းပသည့် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဆန်းညွန့်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် လုပ်ငန်း မှတ်ပုံတင်စိစစ်ဆုံးဖြတ် ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အစည်းအဝေးတွင် တင်ပြလျှောက်ထားလာသော ဝင်ငွေတိုးလုပ်ငန်းရှင် ၃၅ ဦး၊ ပြင်ပလုပ်ငန်းရှင် ၁၃၅ ဦး စုစုပေါင်း ၁၇ဝ ၏ အချက်အလက်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အထောက်အထား အချက်အလက် ပြည့်စုံ မှန်ကန်မှု ရှိ/မရှိ စိစစ်၍ လုပ်ငန်း မှတ်ပုံတင် ခွင့်ပြုချထားပေးနိုင်ရေး အတည်ပြုဆုံးဖြတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)