မကွေးမြို့နယ်၌ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

မကွေး ဩဂုတ် ၂၄

 

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဒေသတွင်း အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက မကွေးမြို့နယ် ယင်းသာစည်(န) ကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်၊ သင်တန်းထွက်ကုန်ချောပစ္စည်းများနှင့် ထူးချွန်သင်တန်းသူ ငါးဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)