မကွေးမြို့၌ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေး စက်တင်ဘာ ၁၇

 

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

 

ဆုချီးမြှင့်ပွဲတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆု တံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ၊ ပြိုင်ပွဲတွင် အနီးကပ်ကြီးကြပ်ပေးခဲ့ကြသည့် နည်းပြနှင့် ဒိုင်အဖွဲ့ ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသူများ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)