မျက်စိနာရင် ဘာလုပ်မလဲ

၁၁  နိုဝင်ဘာ

 

မျက်လုံးနာခြင်းဆိုသည်ကို မျက်ကြည်လွှာယောင်ခြင်းဟုလည်း ခေါ်သည်။ အဖြစ်များဆုံး မျက်လုံးရောဂါ တစ်ခုဖြစ်ပြီး ကလေးတော်တော်များတွင်ဖြစ်နိုင်သည်။ မျက်လုံးနာခြင်း ကယောင်ခြင်းဖြစ်သည်။ မျက်ကြည်လွှာသည် မျက်လုံးအဖြူအပိုင်းတွင်ရှိပြီး မျက်ခွံလွှာအာက်တွင်ရှိသည်။ ကျောင်းပတ်ဝန်းကျင်ရှိ လူများသို့ ပြန့်လွယ်သည်။ ပုံမှန်အားဖြင့် မပြင်းထန်သော မျက်လုံးပိုးဝင်ခြင်းဖြစ်သော်လည်း တစ်ခါတရံ ပြင်းပြင်းထန်ထန်ဖြစ်နိုင်သည်။

 

မျက်စိနာခြင်းဘာကြောင့်ဖြစ်တာလဲ။

 

အဖြစ်အများဆုံး အကြောင်းမှာ

 

ဗိုင်းရပ်စ်

 

ဘက်တီးရီးယားကဲ့သို့သော ကလက်မိုင်းဒီးယား

 

စိတ်မသက်သာစေသော ပစ္စည်းများ ဥပမာ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေကန်ထဲရှိ ကလိုရင်းစသည်။

 

ဓာတ်မတည့်သောပစ္စည်းများ ဥပမာ ဖုန်၊ ပန်းဝတ်မှုန်၊ မီးခိုး၊ မျက်ကပ်မှန် စသည်။

 

ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားကြောင့်ဖြစ်ပါက လူတော်တော်များများသို့ ပြန့်သွားနိုင်သည်။ မျက်ကပ်မှန် တပ်ရန်မသင့်တော်ခြင်း သို့မဟုတ် မမှန်သော မျက်ကပ်မှန်ကိုသုံးပါက မျက်လုံးရဲလာနိုင်သည်။ ကလေးတွင် ဖြစ်ပါက ဆရာဝန်ထံချက်ချင်းအကြောင်းကြားသင့်သည်။ ကလေးတွင် အခြားမျက်လုံး ပြဿနာများ ရှိနေနိုင်သည်။

 

မျက်စိယောင်ခြင်းရဲ့လက္ခဏာတွေကဘာလဲ။

 

လက္ခဏာများတွင် ယောင်ခြင်းအပေါ်မူတည်သည်။ အောက်ပါတို့ပါဝင်နိုင်သည်။

 

မျက်ခွံအတွင်းပိုင်းယောင်ခြင်း

 

မျက်ရည်တရွဲရွဲဖြစ်နေခြင်း

 

မျက်တောင်ဆူးခြင်း အဓိကအားဖြင့် အိပ်နေချိန်တွင်။

 

မျက်လုံးယားခြင်း။

 

မျက်လုံးပူခြင်း။

 

အမြင်ဝါးခြင်း

 

အလင်းမခံနိုင်ခြင်း

 

သင်တွင် မျက်စိနာခြင်း၏ လက္ခဏာများရှာတွေ့ပါက ဆရာဝန်နဲ့သွားတွေ့ပြီး မျက်လုံးစမ်းသပ်ခြင်းများ ပြုလုပ်သင့်သည်။ မျက်ခွံ၏နမူနာကိုယူပြီး ဓါတ်ခွဲခန်းတွင် စမ်းသပ်ခြင်းများပြုလုပ်သင့်သည်။

 

ဘယ်လိုကုသင့်လဲ။

 

ဖြစ်သောအကြောင်းပေါ်မူတည်ပြီး ရောဂါကိုကုသသင့်သည်။

 

ကုသသည့်ပုံစံလေးမျိုးရှိသည်။

 

ဗိုင်းရပ်စ်

 

အဖြစ်များသော မျက်စိနာစေသည့် အကြောင်းတွင် ဟားပီးစင်းပလပ်ဗိုင်းရပ်(အိပ်အက်ဗီ) ဗယ်နီစယ်လာ ဇိုစတာဗိုင်းရပ်(ဗီဇပ်ဗီ) ပီကိုနာဗိုင်းရင်(အန်ထရိုဗိုင်းရပ်စ် ၇၀ ကော့စကီးအေ ၂၄) ပေါ့ဗိုင်းရပ်(မော်လူစမ် ကွန်တာဂျီအိုစန် ဘယ်စီနီယာ) တို့ဖြစ်သည်။ အေးသော ရာသီဥတုတွင် အလျင်အမြန် ပျံ့သွားနိုင်သည်။ ထိုကြောင့်ကူးစက်လွယ်ပြီး လေးရက်မှ ခုနှစ်ရက်ထိကြာနိုင်သည်။ ကာကွယ်ရန် လက်ကိုခဏခဏ ဆေးသင့်သည်။ တစ်ခုခုမစားခင် သို့မဟုတ် တစ်ယောက်ယောက်ကိုမ ကိုင်မီ လက်သေချာဆေးသင့်သည်။ မျက်ကပ်မှန်တပ်နေသူဖြစ်ပါက မျက်စိနာနေချိန်မတပ်သင့်ပဲ မျက်မှန်ကိုတပ်သင့်သည်။ မျက်စိနာနေချိန် အမြင်ဝါးလာပါက ဆရာဝန်နှင့်ချက်ချင်းပြသင့်သည်။ အချို့သောဗိုင်းရပ်များက မျက်ကြည်လွှာတွင် အမာရွတ်ကျန်နိုင်သည်။

 

ဘက်တီးရီးယား

အဖြစ်များဆုံးနှစ်ကောင်မှာ ကလက်မိုင်းတီးယားနှင့် ဂနောရီးယားဖြစ်သည်။ လိင်မှကူးသော ရောဂါကြောင့်ဖြစ်သည့် ဘက်တီးရီးယားဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်းဆေးများဖြင့် ကုသသင့်သည်။

 

ကော်ရီယန် နှင့် မျက်စဉ်းဆေးကို မျက်ခွံအတွင်းသို့ တစ်နေ့သုံးကြိမ်မှ လေးကြိမ်ထည့်ပေးသင့်သည်။ ငါးရက်မှခုနှစ်ရက်ထိကုသရန်လိုအပ်သည်။ တစ်ပတ်အတွင်းရောဂါသက်သာနိုင်သည်။ ဆရာဝန်ညွန်ကြား သောဆေး သို့မဟုတ် ပိုးသတ်ဆေးကိုသုံးပါ။

 

စိတ်မသက်သာစေသောအရာ

 

မျက်လုံးထဲသို့ထိုအရာများဝင်သွားပါကတတ်နိုင်သမျှ ရေနှင့်ဆေးချရမည်။ အနည်းဆုံးငါးမိနစ်ခန့် ဆေးချရမည်။ လေးနာရီအတွင်းသက်သာလာလိမ့်မည်။ ပိုဆိုးသောကိစ္စများ ဥပမာ အက်စစ် သို့မဟုတ် အယ်ကာလီဖြစ်ပါက ဆရာဝန်နှင့်ချက်ချင်းတိုင်ပင်ခြင်း သို့မဟုတ် ဆေးရုံသို့ချက်ချင်းသွားခြင်း ရေဖြင့်ချက်ချင်း ဆေးချခြင်းတို့လုပ်သင့်သည်။

 

ဓာတ်မတည့်ခြင်း

 

ဓာတ်မတည့်ခြင်းသည် ရာသီဓါတ်မတည့်သောသူများတွင်ဖြစ်တတ်သည်။ ဓါတ်မတည့်သောအရာကို ဖယ်လိုက်ပါက သက်သာသွားမည်။ မျက်စိနာခြင်းသည် ဓါတ်မတည့်ခြင်းနှင့်တွဲဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

 

မျက်စိနာခြင်းကိုဘယ်လိုသက်သာစေနိုင်မလဲ။

 

သက်သာစေရန်အောက်ပါအချက်များကိုလေ့လာနိုင်သည်။

 

ရောဂါရှိသောမျက်လုံးကိုမပွတ်ပါနှင့်။

 

အစာမစားခင် ဆပ်ပြာ နှင့်ရေနွေးတို့ဖြင့်လက်ကိုသေချာဆေးပါ။

 

အချွဲများထွက်ပါက သန့်ရှင်းသောဝါဂွမ်းလေးဖြင့်ဆေးပေးပါ။

 

မျက်ကပ်မှန်တပ်ခြင်းရှောင်ပါ အခြားသူ၏မျက်ကပ်မှန်ကိုမသုံးပါနှင့်။

 

မျက်စိအလှပြင်ပစ္စည်းများကို သူများနှင့်တွဲမသုံးပါနှင့်။

 

မျက်စဉ်းဆေး မလိမ်းမီသင့်လက်ကိုဆေးပါ။

 

မျက်စိနာခြင်းသာမက အခြားမျက်လုံးပြဿနာများကိုသက်သာစေရန် သုံးစွဲသည့်ပစ္စည်းများကို သန့်ရှင်းစွာ ရှိနေစေရန် အရေးကြီးသည်။

 

ရေးသားသူ - Nadi

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Kaung Thar

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”