မြို့နယ်အချို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၂၀ အောက်တိုဘာ

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၄/၄)ဖာလုံနှင့် (၈၄/၅)ကြား၊ ကာလူးကုန်းရွာအနီးမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုးခွဲသား (၁၀ ဒသမ ၈၂၅၆)တန်၊ ဘုတလင်မြို့နယ်၊ ညောင်သူများကျေးရွာအနီး၊ ချင်းတွင်း မြစ်အတွင်းမှ အောင်မိုးဟိန်းအမည်ပါ သစ်သားခွံမော်တော်နှင့် အမည်မပါသော သစ်သားခွံ မော်တော်များပေါ်မှ တရားမဝင် ကျွန်း/ အင်/ သစ်ယာခွဲသား (၂၄ ဒသမ ၀၆၂)တန်၊ ကသာမြို့နယ်၊ စကားကုန်းကျေးရွာအနီးမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၆ ဒသမ ၉၁၆၀)တန်နှင့် ဂျင်ဒေါင်း(၂၅) ကောင်အင်ဂျင်(၁)လုံး၊ သစ်စက်ဆက်စပ် ပစ္စည်းများ၊ အင်းတော်မြို့နယ်၊ မံမော်ကြိုးဝိုင်း (၅၈)နှင့် (၇၃) အတွင်း တရားမဝင် ကျွန်းသစ်/ ကျွန်းခွဲသားဆိုဒ်စုံ (၉ ဒသမ ၃၂၁၀)တန်နှင့် ဝူလင်း အင်ဂျင် (၁)လုံး၊ သစ်စက်ဆက်စပ်ပစ္စည်းများ၊ ကလေးဝမြို့နယ်၊ ဇီးတောရွာအနီးမှ တရားမဝင် အင်ခွဲသား (၁၈ ဒသမ ၀၆၈၈) တန်၊ ကလေးဝ မြို့နယ် ပလ္လင်ကြိုးဝိုင်း အကွက်အမှတ် (၁၂)နှင့် ရွှေကျင်ကြိုးဝိုင်းအကွက်အမှတ်(၂၆) နေရာတို့မှ တရားမဝင် ကညင်သစ်/ ခွဲသား (၁၄ ဒသမ ၄၅၆၂)တန်နှင့်  တာယာဘီးတပ်လှည်း(၁)စီး၊ ကလေးဝမြို့နယ်၊ မြို့မကျေးရွာအနီး မှ တရားမဝင်အင်ခွဲသား (၁၁ ဒသမ ၈၇၉၄)တန်၊ စဉ့်ကူးမြို့နယ် ရွှေကျင်ကျေးရွာအနီးမှ တရားမဝင် ကျွန်းသစ်/ ကျွန်း ခွဲသားဆိုဒ်စုံ (၁၀ ဒသမ ၅၁၃၆)တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည်။

 

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် (၀/၇) Toll Gate တွင် တရားမဝင် ပျဉ်းကတိုးခွဲသား (၁ ဒသမ ၈၁၇၄)တန်နှင့် ပြစ်မှုကျူးလွန်သူ(၂)ဦး၊ ရမည်းသင်းမြို့နယ်၊ ညောင်ကိုင်းကြိုးဝိုင်းအကွက် အမှတ်(၉)အတွင်းမှ ယာဉ်(၁)စီး၊ ဒီဇယ်ပီပါ(၁၅) လုံးတင်ဆောင်ထားသော (၆)ဘီးယာဉ် (၁)စီး၊ ချိန်းဆော (ဘား/လွှမပါ) (အဖြူရောင်)(၁)လုံးတို့နှင့် တရားမဝင် သစ်ယား သစ်/ခြမ်း/စိတ်/ စကွဲယား (၉ ဒသမ ၀၅၂၄)တန်နှင့် ပြစ်မှုကျူးလွန်သူ(၂)ဦး တို့အားဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)