မိုးညှင်းမြို့နယ်တွင် ၂၀၂၆ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၁၂၅၀)သိန်း ထုတ်ချေးပေးသွားမည်

မိုးညှင်း  အောက်တိုဘာ            ၁၃

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မိုးညှင်းခရိုင်) ဘဏ်ခွဲအနေဖြင့် ၂၀၂၆ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၁၁၂၅၀)သိန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်း သက်သာစွာဖြင့် ရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ မိုးညှင်းခရိုင်ဘဏ်ခွဲအနေဖြင့် ၂၀၂၆ ခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းခွဲနှုန်းဖြင့် မိုးညှင်းမြို့နယ်တွင် တောင်သူစုစုပေါင်း (၆၈၅၁) ဦးတို့၏ စိုက်ပျိုးဧက (၄၅၀၀) ဧကအတွက် ငွေကျပ်သိန်းပေါင်း (၁၁၂၅၀) သိန်းအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေမိုးညှင်း