မိုင်းယောင်း အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ရေဆင်းပေါ်ဆန်း- ၁ စံကွက်ရိတ်သိမ်းခြင်း ကွင်းလက်တွေ့သရုပ်ပြပွဲကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင် က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးလှဝင်းက စားရေရိက္ခာဖူလုံရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မိုင်းယောင်းခရိုင်အတွင်း ရေဆင်းပေါ်ဆန်း-၁ နှင့် ရေဆင်းပေါ်ဆန်း-၂ စိုက်ပျိုးထားရှိမှုနှင့် ကွင်းလက်တွေ့သရုပ်ပြပွဲ ခေါ်ယူပြသရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကွင်းအမှတ်-၈၈/၃ တောင်သူ ဦးနွဲ့အောင်၏ ရေဆင်း ပေါ်ဆန်း-၁ တစ်ဧက စိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် အစိုထွက် ၁၂၁ တင်း၊ အခြောက်ထွက် ၁၀၄ တင်း ထွက်ရှိကြောင်း သိရသည်။
ဝေဝေခိုင်(ပြန်/ဆက်)


