မိုင်းရယ်မြို့နယ်၌ ပြည်သူ့စကားဝိုင်း ပြုလုပ်

မိုင်းရယ် စက်တင်ဘာ ၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့ စကားဝိုင်းကို ယမန်‌နေ့ နံနက်ပိုင်းက နားခိုကျေးရွာ ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

 

 ဦးစွာ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများက လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြေယာကဏ္ဍများနှင့် ကျေးလက်ဒေသဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြပြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လတ်တလော ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)