မိုင်းပျဉ်း အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်တွင် သံဃာတော်များအား Biometric ကောက်ယူ၍ UID ကတ်ပြားများ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာ၌ မိုင်းပျဉ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းနှင့် ဝန်ထမ်းများက မိုင်းပျဉ်းမြို့ မြို့ပေါ်နှင့်ကျေးရွာ ဗုဒ္ဓသာသနာပြုကျောင်းများမှ ဝါဆိုသံဃာစာရင်းတွင်ပါရှိသော ရဟန်း၊ သာမဏေများအား Biometric ကောက်ယူ၍ UID ကတ်ပြားများ ထုတ်ယူဆက်ကပ်ပေးခဲ့သည်။
UID ကတ်ပြားများကို ရဟန်း၊ သာမဏေ ကျန်ရှိခဲ့မှုမရှိစေရေး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းနှင့် သာသနာရေးဦးစီးမှူး ဦးကျော်မင်းဦးတို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။ နန်းသန္တာဦး(ပြန်/ဆက်)


