မြိုင်မြို့နယ် လက်ပံတို-ကျောက်ခွက်ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီးဝန်းကျင်ရှိ တရားမဝင် ရေနံတူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်း

နေပြည်တော် စက်တင်ဘာ ၂၈

 

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်၏ အဖိုးတန်သယံဇာတပစ္စည်းများ တရားမဝင် တူးဖော်လုပ်ကိုင်၍ ၎င်းမှရရှိသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်းများ မှောင်ခိုဝယ်ယူကာ အင်အားတိုးချဲ့ တည်ဆောက်ပြီး အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများ၏ တိကျသောသတင်းပေးပို့မှုများအရ မြိုင်မြို့နယ် လက်ပံတို-ကျောက်ခွက်ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီး တရားမဝင် ရေနံတူးဖော်လုပ်ကိုင်၍ ဒေသခံ ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနေသော PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏နေရာများကို လုံခြုံရေးလုပ်ငန်းများဆောင်ရွက်၍ တရားမဝင်ရေနံ တူးဖော်ချက်လုပ်ရာနေရာများကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

မကွေးတိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တရားမဝင်ရေနံ တွင်းတူးဖော် ချက်လုပ်ခြင်းဆောင်ရွက်နေကြောင်းနှင့် ဒေသခံများ၏ လက်ယက်တွင်းများဖြင့် ရေနံတူးဖော်ခြင်းလုပ်ငန်းမှ ဆက်ကြေးကောက်ခံနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၃၁ ရက်တွင် တစ်နေရာ၊ စက်တင်ဘာ ၃ ရက်တွင် နှစ်နေရာ၊ စက်တင်ဘာ ၄ ရက်တွင် တစ်နေရာ၊ စက်တင်ဘာ ၅ ရက်တွင် နှစ်နေရာ၊ စက်တင်ဘာ ၆ ရက်တွင် သုံးနေရာ၊ စက်တင်ဘာ ၇ ရက်တွင် သုံးနေရာ၊ စက်တင်ဘာ ၈ ရက်တွင် သုံးနေရာ၊ စက်တင်ဘာ ၉ ရက်တွင် ငါးနေရာ၊ စက်တင်ဘာ ၁၀ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၁၁ ရက်တွင် ငါးနေရာ၊ စက်တင်ဘာ ၁၂ ရက်တွင် ငါးနေရာ၊ စက်တင်ဘာ ၁၃ ရက်တွင် ငါးနေရာ၊ စက်တင်ဘာ ၁၄ ရက်တွင် ခုနစ်နေရာ၊ စက်တင်ဘာ ၁၅ ရက်တွင် ခုနစ် နေရာ၊ စက်တင်ဘာ ၁၆ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၁၇ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၁၈ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၁၉ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၂၀ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၂၁ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၂၂ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၂၃ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၂၄ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၂၅ ရက်တွင် ခြောက်နေရာ၊ စက်တင်ဘာ ၂၆ ရက်တွင် ရှစ်နေရာ နှင့် စက်တင်ဘာ ၂၇ ရက်တွင် ရှစ်နေရာ စုစုပေါင်းတရားမဝင် တူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်းနေရာပေါင်း ၁၃၁ နေရာတို့အား ဖော်ထုတ်တွေ့ရှိပြီး ရေနံချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ ခိုအောင်းခဲ့သည့် ယာယီတဲအဆောက်အအုံ ၂၄၆ လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သိမ်းဆည်းရမိ တရားမဝင် ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် ရေနံတွင်း နေရာများနှင့် လုပ်ငန်းသုံးပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းဒေသတစ်ဝိုက်တွင်လည်း တရားမဝင်ရေနံတူးဖော်ခြင်းများ ဆောင်ရွက်မှုမရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 (၆) တဲကြီး၊ ရေနံတွင်း သတင်းစာ(ပုံ)(လပခ)(၂၈.၉5.jpg (၆) တဲကြီး၊ ရေနံတွင်း သတင်းစာ(ပုံ)(လပခ)(၂၈.၉4.jp (၆) တဲကြီး၊ ရေနံတွင်း သတင်းစာ(ပုံ)(လ