မိုင်းဆတ်မြို့၌ ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲကျင်းပ

မိုင်းဆတ်  စက်တင်ဘာ  ၉

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)  မိုင်းဆတ်မြို့၌  ၂၀၂၆ ခုနှစ်  မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊  အသက် ၂၅ နှစ်အောက်  အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနားကို  စက်တင်ဘာ   ၇  ရက်  ညနေ  ၃  နာရီက  မိုးလုံလေလုံအားကစားခန်းမ၌  ကျင်းပရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်က ရှမ်းပြည်နယ်၏ အားကစားကဏ္ဍတိုးတက်လာစေရန်နှင့်  နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ  ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါပြိုင်ပွဲကို   ပြိုင်ပွဲဝင်အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး   အုပ်စုပတ်လည်စနစ်ဖြင့်  စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။                                            

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)