မိုးနဲမြို့နယ်တွင် Grade-4 (သင်ရိုးသစ်) Online Training သင်တန်း ဒုတိယနေ့အဖြစ် သင်ကြားလျက်ရှိ

မိုးနဲ  ၁၃  ဇွန်

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် မူလတန်းအဆင့် ကျောင်းအုပ် ဆရာ/ဆရာမများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade-4 (သင်ရိုးသစ်) Online Training သင်တန်းဒုတိယနေ့အဖြစ် ယနေ့ နံနက် ၉ နာရီက  အခြေခံပညာ အထက်တန်ကျောင်း ခန်းမတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် နိုင်ငံတကာ ပညာရေး အဆင့်အတန်းနှင့် ကိုက်ညီမှုရှိပြီး အရည်အသွေး ပြည့်ဝသော ဆရာ/ဆရာမများမှ အရည်အသွေးပြည့်ဝသော ကျောင်းသား/ကျောင်းသူများ ပြုစုပျိုးထောင်ပေးနိုင်ရန်နှင့် ကျောင်းသင်ခန်းစာမှတစ်ဆင့် နေ့စဉ်ဘဝ လုပ်ငန်းများတွင် လက်တွေ့အသုံးဝင်မည့် အသိပညာ၊ အတတ်ပညာများ ရရှိစေရန်ရည်ရွယ်သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေက ပြောသည်။

 

အဆိုပါသင်တန်းတွင် မူလတန်းအဆင့် ကျောင်းအုပ် ဆရာ/ဆရာမ ၂၀ ဦးအား မြို့နယ်အဆင့်တွင် ပြန်လည် သင်ကြား ပို့ချပေးနိုင်ရေးအတွက် ဇွန် ၁၂  ရက်မှ ၁၃ ရက်အထိ နှစ်ရက်တာအဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ  ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)