မြိတ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် သံကူကွန်ကရစ် တံတားတစ်စင်းနှင့် Box Culvert နှစ်စင်း ဆောင်ရွက်ပြီးစီး

မြိတ် ဇူလိုင် ၁၉

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကျေးလက်နေ ပြည်သူများ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ကျေးရွာချင်းဆက်နှင့် ကျေးရွာအဝင်လမ်းရှိ ကျောက်ကြီးစီ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် Box Culvert နှစ်စင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ဆောင်ရွက်ပြီးစီးသည့် ရှမ်းတောင်- စလွန်းလမ်းပေါ်ရှိ ကျောက်ကြီးစီ ကမ်းကပ်ခုံ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် စလွန်းကျေးရွာ အဝင်လမ်းပေါ်ရှိ Box Culvert တစ်စင်းတို့ကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

ထို့အတူ ဆလင်ကျေးရွာအဝင် လမ်းပေါ်တွင် ကျောက်ကြီးစီ ကမ်းကပ်ခုံ သံကူကွန်ကရစ် ကြမ်းခင်း Box Culvert တစ်စင်းကို ပြည်ထောင်စု(ပြင်ထိန်း) ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးခဲ့သည့် အဆိုပါ တံတားနှင့် Box Culvert တို့ကို အသုံးပြု၍ ကျေးလက်နေပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)