မြိတ်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း​ရေး​နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပိုစတာပြိုင်ပွဲ ကျင်းပ

မြိတ် စက်တင်ဘာ ၉

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း​ရေး​နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပိုစတာပြိုင်ပွဲကို အထက(၁)မြိတ်ပညာ ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးကျင်းပသည်။

 

အဆိုပါပြိုင်ပွဲကို “ကမ္ဘာ​မြေ ပိုမို​အေးမြဖို့ အားလုံးပူး​ပေါင်း​ဆောင်ရွက်စို့” ​ခေါင်းစဉ်ဖြင့် ကျင်းပပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ၂၈ ဦး၊ ပန်းချီပိုစတာပြိုင်ပွဲတွင် ၂၁ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ၂၆ ဦး၊ ပန်းချီပိုစတာပြိုင်ပွဲတွင် ၂၂ ဦး စုစု​ပေါင်း​ကျောင်းသား ကျောင်းသူ ၉၇ ဦး ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)