မဟာသင်္ကြန်ကာလအတွင်း ပရိသတ်များအားလုံး အိမ်ထဲမှာအေးချမ်းစွာနားနေပြီး Channel 7 ရုပ်သံလိုင်း မှ FG Virtual Music Concert ကြီးကို ကြည့်ရှုအပန်းဖြေနိုင်ပါပြီ

နေပြည်တော် ၉ ဧပြီ 

ဧပြီ ၁၁ ရက် မှ ၁၉ရက် အတွင်း တေးသံရှင် R ဇာနည်၊ ဇော်ပိုင်၊ ဖြိုးပြည့်စုံ၊ သာဒီးလူ၊ အောင်ထက်၊ idiots၊ Eternal Gosh၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်၊ Jewel၊ Sunrise 18 တို့၏ အသစ်စက်စက်ဖျော်ဖြေမှုများကို FG Virtual Music concert ကြီးတွင် မလွတ်တမ်း ကြည့်ရှုအားပေးနိုင်မည်ဖြစ်သည်။

FG Virtual Music Concert ကို ဧပြီ ၁၁ ရက်မှ ၁၉ ရက်အတွင်း Channel 7 ရုပ်သံလိုင်းတွင် ည ၈ နာရီ အချိန်၌ ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်၍ ပရိသတ်များအနေဖြင့် အိမ်ထဲမှ အိမ်ပြင်မထွက်ဘဲ အေးချမ်းစွာ အပန်းဖြေကြည့်ရှုနားဆင်နိုင်ပြီ ဖြစ်သည်။ 


သတင်းစဉ်