‎မဟာအောင်မြေမြို့နယ်၌ ပဥ္စမအကြိမ် အာစရိယပူဇာ သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ပွဲကျင်းပ ‎

 

‎မဟာအောင်မြေ အောက်တိုဘာ ၂၉

‎

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ပဥ္စမအကြိမ် အာစရိယပူဇာ သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပသည်။

‎

‎ဦးစွာ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ နဂါးကျောင်းတိုက်ဆရာတော်ကြီး အဘိဓဇအဂ္ဂ မဟာသဒ္ဒမ ဇောတိက ဘဒ္ဒန္တဝိဇယ မဟာထေရ် အရှင်သူမြတ်က ဆုပေးချီးမြှင့်တော်မူပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ဆရာတော်ကြီးက သက်တော်ရှည်ပူဇော်ပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ဆရာတော်ကြီးများအား လျှောက်ထားသည်။

‎

‎ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် (၇) မြို့နယ်အတွင်းရှိ သက်တော် (၈၀) ​ပြည့် ဝါတော် (၆၀) နှစ်အထက် သက်တော်ရှည် ဆရာတော်ကြီး (၁၇၅) ပါးတို့အား အလှူရှင်အသီးသီးက အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

‎

‎‎အောင်ဇော်မင်း(ပြန်/ဆက်)