မွေ့လျော်ဖွယ် လတန်ဆောင်မုန်း

 

တန်ဆောင်မုန်းလနှင့် သီတင်းကျွတ်လ ထိုနှစ်လ၏ အခင်းအကျင်းမှာ တူသယောင်ရှိသည်။ သီတင်းကျွတ်လသည် ဝါလကင်းလွတ် သီတင်းကျွတ်သည့် ဆီမီးရောင်ထိန်ထိန်ညီသောလဖြစ်သည်။ မိုးလေကင်းစင်၍ ဥတုရာသီ သာယာလှပသည်။ တန်ဆောင်မုန်း လတွင် လည်း မိုးလေကင်းစင်၍ ဥတုရာသီသာယာလှပပြီး ဆီမီးရောင်စုံ ထွန်းညှိသည်။ ။

 

တန်ဆောင်မုန်းလသည် ကောင်းကင်တစ်ခွင်ကြည်လင်ပြီး နက္ခတ် တာရာ စုံလင်သောလဖြစ်သည်။ ရာသီမှာ ဗြိစ္ဆာ၊ နက္ခတ်မှာ ကြတ္တိ ကာစန်းနှင့်ယှဉ်သည်စန်းနှင့်ယှဉ်သည်။ ရာသီပန်းမှာ ခဝဲပန်း၊ ပွဲတော်မှာ ကထိန်၊ အခင်းအကျင်း၊ အခင်းအကျင်းမှာ ရောင်စုံဆီမီးဖြစ်သည်။ မိုးလေကင်းစင်သည့်ရာသီကာလ၌ အသွင်သဏ္ဌာန်ဆင်သော သီတင်း ကျွတ်၊ တန်ဆောင်မုန်းပွဲတော်နှစ်မျိုးမှာအနှစ်သာရအားဖြင့်မူ ကွဲပြားပေသည်။

 

သီတင်းကျွတ်ရာသီပွဲတော်သည်မြန်မာ့ယဉ်ကျေးမှုပွဲတော်ကြီးစာရင်းဝင်ပြီး တန်ဆောင်တိုင် ရာသီပွဲတော်မှာ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကြီး စာရင်း မဝင်ပေ။ တန်ဆောင်တိုင်ပွဲတော်သည်ရှေးပဝေသဏီကတည်းက စတင်ခဲ့သည့် အစဉ်အလာပွဲတော် ဖြစ်သည်။မည်သို့ပင်ဖြစ်စေ သီတင်းကျွတ်၊ တန်ဆောင်မုန်းသည် မွေ့လျော်ဖွယ်၊ပျော်ရွှင်ဖွယ် ကောင်းပါပေသည်။

 

ရာသီပွဲတော်များနှင့်ထုံမွမ်းနေသော မြန်မာပြည်တွင် ထိုရာသီ၊ ဤရာသီ ပွဲတော်တို့၏ အနှစ်သာရများကိုအနည်းငယ်သာမက ကျယ်ကျယ် ပြန့်ပြန့်သိရှိထားသင့်သည်ပြန့်ပြန့်သိရှိထားသင့်သည်။ သို့မဟုတ်ပါမူ ရာသီပွဲတော် အနှစ်သာရ ပျက်ပြီးစစ်မှန်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာ ကွယ်ပျောက်မည့် အရေးတဖြည်းဖြည်း ကျရောက် လာနိုင်သည် ကို မြင်တွေ့နေရသောကြောင့်ရသောကြောင့်ဖြစ်ပါသည်။

 

သီတင်းကျွတ်လတွင် သင်္ကဿနဂိုရ်ပြည်မှ မင်းနှင့်တကွ ပြည်သူတို့သည် တာဝတိံသာနတ်ပြည်မှ ကြွချီလာသော မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးတန်ဆောင် ညှိထောင်ထွန်းလင်း ပူဇော်ခြင်းဟူသော အစဉ်အလာ အတိုင်း သီတင်းကျွတ်လတွင် မီးထွန်းပွဲတော် ဆင်နွှဲခြင်းဖြစ်သည်။ သီတင်းကျွတ်မီးထွန်းပွဲတော်မှာ ထိုအခါမှ စတင်ခဲ့သည်။ တန်ဆောင်တိုင် ပွဲတော်တွင် ဆီမီးထွန်းညှိပူဇော်ခြင်းသည် မြတ်စွာဘုရားရှင်ကို ပူဇော်ခြင်းမဟုတ်၊ နက္ခတ်တာရာတို့ကို ပူဇော်ခြင်းသာဖြစ်သည်။

 

မြတ်ဗုဒ္ဓပွင့်တော်မူခါနီးကာလ အိန္ဒိယတိုင်း မဇ္ဈိမဒေသ တစ်ခွင်၌ တန်ဆောင်တိုင်ပွဲတော်နှင့်အတူ နက္ခတ်ပွဲတော်လည်း ဖြစ်ပေါ် လာသည်။ တန်ဆောင်မုန်းလပြည့်အခါသမယ၌ ဝေဒအလိုအားဖြင့် တနင်္လာ၊ ဗုဒ္ဓဟူး၊ကြာသပတေး၊ သောကြာစသော သောမဂြိုဟ်အုပ်စုသည် လပြည့်ဝန်းကြီးနှင့်အတူ ယှဉ်တွဲပေါ်ထွန်းလာသည်။ နက္ခတ်စုံသည့် အခါကာလဟုသတ်မှတ်ကြသည်။ အဆိုပါ ကောင်းသောဂြိုဟ်များကို ပူဇော်လျှင် ကောင်းကျိုးချမ်းသာတို့ကို ရရှိနိုင်ပြီး မကောင်းသော ဂြိုဟ်များကို ကာကွယ်နိုင်သည်ဟုယူဆကာ နက္ခတ်ပွဲသဘင် ကျင်းပကြခြင်းဖြစ်သည်။ ။

 

ကောင်းသောနက္ခတ်ဂြိုဟ်များ ထွန်းသောကြောင့် တန်ဆောင်မုန်း လပြည့်နေ့ ညကို ဆေးပေါင်းခသည့် ညဟု ဆိုကြသည်။ မြတ်ဗုဒ္ဓ ဘုရားရှင်ပွင့်တော်မူပြီးနောက် နက္ခတ်ပူဇော်တော်မူပြီးနောက် နက္ခတ် ပူဇော်ပွဲတွင် ဗာလနက္ခတ်ပွဲ၊ လူဆိုးသူခိုးနက္ခတ်ပွဲ ပါဝင်နေပြီ။ မြတ်စွာ ဘုရားရှင် လက်ထက်၌ အရိယာသူတော်တင်းတို့ကတစ်ဖက်၊ ဗာလ လူမိုက် အပေါင်းတို့က တစ်ဖက်ရှိသည်။ဓမ္မကတစ်ဖက် အဓမ္မက တစ်ဖက်ရှိသည်။ အယူဝါဒယှဉ်ပြိုင်မှုများ၊ သူတော်တင်းတရား ဖျက်ဆီး မှုများရှိသည်။ ထိုကာလမှစ၍နက္ခတ်ဆီမီးပူဇော်ပွဲနှင့်အတူ ဗာလ နက္ခတ်ပွဲ(ကျီးမနိုးပွဲ၊ သူခိုးကြီးပွဲ၊ သူခိုးကြီးပွဲ)ပါဝင်လာပြီး မြန်မာပြည်၌ အစဉ်အလာကဲ့သို့ပင် ဖြစ်နေသည်။ ။

 

သို့ဖြစ်ရာ တန်ဆောင်မုန်းလသည် မကောင်းသော နက္ခတ်ဂြိုဟ် များ၊ဂြိုဟ်စီးဟ်စီးဂြိုဟ်နင်းရန်များမှ ကင်းစေရေး အတွက် ကောင်းသော နက္ခတ်ဂြိုဟ်များကို ပူဇော်ခြင်းဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာနှင့်မလျော်ညီသော ဗာလနက္ခတ်ပွဲမကောင်းသောပွဲတို့ကို ရှောင်ရှားခြင်းဖြင့် ပျော်ရွှင်ချမ်းမြေ့ မွေ့လျော်ဖွယ်ကောင်းသော တန်ဆောင်မုန်းလကို ဆောင်ကြဉ်းရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ