မော်လမြိုင် စက်တင်ဘာ ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဇာနည်မင်း၊ မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောမြင့်ထွန်းနှင့် ဝန်ထမ်းများက မိသားစုဝင်ငွေတိုးလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၀ အား ငွေကျပ် ၄၃ ဒသမ ၆ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ခုနစ်ဦးအား ငွေကျပ် ၂ ဒသမ ၈ သန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဦးအား ငွေကျပ် ၆ ဒသမ ၁ သန်းနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၅ ဦးအား ငွေကျပ် ၉ ဒသမ ၁ သန်း စုစုပေါင်း အသင်းသူအသင်းသား ၈၂ ဦးအား ငွေကျပ် ၆၁ ဒသမ ၆ သန်းကို ထုတ်ချေးထားကြောင်း သိရသည်။
သုတ


