မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံမီးသတ်ပညာသင် တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

မော်လမြိုင်ကျွန်း၊ အောက်တိုဘာ ၁၃ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အယ်လ်နီညိုဖြစ်စဉ်နှင့် အတူအပူချိန်မြင့်မား လာမှုနှင့် ရာသီဥတုအခြေ အနေများကြောင့် ဖြစ်ပေါ်နိုင်သည့် မီးဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရေး အတွက် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးကအဖွင့်အမှာ စကား ပြောကြားရာတွင် မီးဘေးအန္တရာယ်သည် မည်သည့်အချိန်တွင်မဆိုဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး အသိပညာများလိုအပ်ကြောင်း၊ ယခုသင်တန်းမှ ရရှိလာမည့် အသိပညာများကို လက်တွေ့ဘဝတွင် ထိရောက်စွာအသုံးချနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇော်ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ရာ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ပြည်သူများ ကိုယ်တိုင်ကာကွယ်နိုင်စေရေး၊ မီးငြှိမ်းသတ်ရေး နည်းစနစ်များကို လက်တွေ့ကျကျနားလည်တတ်ကျွမ်းစေရေး၊ မိမိတို့၏ မိသားစု၊ ရပ်ရွာနှင့် လုပ်ငန်းခွင် များတွင်မီးဘေးလုံခြုံရေးအသိဖြင့် နေထိုင်ဆောင်ရွက်နိုင်စေရေးတို့ကို ရည်ရွယ်ကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ သင်တန်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ နည်းပြဆရာများက သင်တန်းသားများအား မီးသတ်ဆေးဘူး (Fire Extinguisher) အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ အိမ်သုံးဓာတ်ငွေ့ (Gas) အိုးများတွင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက ဘေးကင်းလုံခြုံစွာ မီးငြှိမ်းသတ်နည်းနှင့် ကြိုတင်ကာကွယ်နည်းများကို လက်တွေ့ သရုပ်ပြ သင်ကြားပေးခဲ့သည်။ ထို့အပြင် မီးသတ်ကားဖြင့် မီးငြှိမ်းသတ်နည်းများကိုလည်း လက်တွေ့သင်ကြား ပြသပေးခဲ့ပြီး သင်တန်းသားများက လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းသည် မီးဘေးအန္တရာယ် ဖြစ်ပေါ်နိုင်သည့် အခြေအနေများတွင်ပြည်သူများကိုယ်တိုင် ကြိုတင်ကာကွယ်နိုင်ရေးနှင့် အရေးပေါ်အခြေအနေများတွင် ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ ဆက်)