မော်လိုက် ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲကို သြဂုတ် ၂၂ ရက်က ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက အလွတ်တန်းဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ အဆိုပါပြိုင်ပွဲတွင် အသင်းခြောက်သင်း ပါဝင်ယှဉ်ပြိုင်ကြရာ ယနေ့တွင် တပ်နယ် အသင်းနှင့် မီးသတ်အသင်းတို့က ယှဉ်ပြိုင်ခဲ့ကြကာ တပ်နယ်အသင်းက မီးသတ်အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)


