မြစ်ကြီးနားမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၈)မိုင်ခန့်အကွာတွင် ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

၁၂  နိုဝင်ဘာ

ယနေ့နံနက် မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၂၁)မိနစ်၊ (၅၉)စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၃၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြစ်ကြီးနားမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၈)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ်(၂၅ ဒသမ ၉၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇ ဒသမ ၂၆)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၃ ဒသမ ၉)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

MDN