မဘိမ်းနှင့် သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၆ စက်တင်ဘာ

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီခွဲတွင် မဘိမ်းမြို့ နယ် စီပိန်းကျေးရွာအနီး စီပိန်း-ပင်ကြိမ်သွား ကားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ နေဝင်းထိုက်နှင့် မစိုးစိုးအောင်တို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၅ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သိန္နီမြို့နယ်၊ ပန်စုံကျေးရွာအနီး၊ မူဆယ်-မန္တလေးသွား ကားလမ်းတွင် တုံပေါက်ဟန် (ခ) စိန်လှိုင် မောင်းနှင်လာသော ၆ ဘီးယာဉ်အား ရပ်တန့်ရှာဖွေရာ Acetic Anhydride Acid ၁,၅၀၀ လီတာ၊ Dichloromethane ၂,၆၄၀ လီတာ၊ Theophylline ၉၇၅ ကီလိုနှင့် မြန်မာငွေကျပ် ၃၀၀,၀၀၀ တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား