မဘိမ်းမြို့တွင် ၂၀၁၉ ခုနှစ် မြို့နယ်အားက စားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မဘိမ်း ၁၀ နိုဝင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ၂၀၁၉ ခုနှစ် မြို့နယ်အားက စားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက မဘိမ်းမြို့ ကုန်းခါးရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးမောင်ညို၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့်ဌာနဆိုင်ရာများ ဒေသခံပြည်သူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

 


ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသည့်  ပွေးတူး ကျေးရွာအသင်းနှင့် ကုန်းမခံကျေးရွာအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ပွေးတူးကျေးရွာ အသင်းက သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆုဖလား ဆွတ်ခူးရရှိသွားသည်။ ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ တတိယဆုရ  ခိုတာအသင်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းစိန် က လည်းကောင်း၊ ဒုတိယဆုရ အသင်းအား ဆုတံဆိပ်နှင့် ဆုငွေများကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညို ကလည်းကောင်း၊ ပထမဆုရပွေးတူးအသင်းအား ဆုဖလား ဆုတံဆိပ်နှင့် ဆုငွေများကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းကလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

 

အဆိုပါ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၂၀ ရက်မှ စတင်ကစားခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ မဘိမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အမျိုးသမီး ဘောလုံးအသင်း(၈)သင်း ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းဦး ( ပြန်/ဆက် )