မအူပင်တက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မအူပင် ဩဂုတ် ၁၆

 

မအူပင်တက္ကသိုလ်တွင် ဌာနဆိုင်ရာများ၊ မအူပင်တက္ကသိုလ်ရှိ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်း အင်အား ၄၅၀ ဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ချုံနွယ်မြက်ပင်များ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ သယ်ယူရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)