M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန်စီးတီးအသင်း နိုင်ပွဲရရှိ

ရန်ကုန်   စက်တင်ဘာ   ၁၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်  မြန်မာလိဂ်တို့က  ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့က အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆  M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၄ နောက်ဆုံးနေ့ကို စက်တင်ဘာ ၁၃ ရက်က ဗဟန်းမြက်ခင်းတုကွင်း၌ကျင်းပရာ ရန်ကုန်စီးတီးအသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ရာသီအစတွင်  ရုန်းကန်ခဲ့ရသည့်    ရန်ကုန်စီးတီးအသင်းသည် နောက်ပိုင်းပွဲများတွင်  ကစားပုံတည်ငြိမ်လာပြီး ရလဒ်ကောင်းရယူနိုင်သလို ယခုပွဲတွင်လည်း နိုင်ပွဲထပ်မံရယူကာ  ခြောက်ပွဲမြောက်  နိုင်ပွဲရယူနိုင်ခဲ့သည်။ ရန်ကုန်စီးတီးအသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ပြီး ၅၁ မိနစ်တွင် စိုးသီဟဇော်၊ ၉၀+၃ မိနစ်တွင် ထက်အာကာဝင်းက      သွင်းယူခဲ့သည်။ ယခုပွဲအတွက်  AYA Pay Player of the Match ဆုကို ရန်ကုန်စီးတီး ဂိုးသမား  ကောင်းကင်ကြယ်က  ရရှိပြီး  အမှတ်တရဆုနှင့်  ဆုကြေးကျပ်နှစ်သိန်း ရရှိသည်။

ပွဲစဉ်(၁၄)အပြီးတွင် အား/ကာသိပ္ပံအသင်းက ၃၅ မှတ်၊ ရန်ကုန် ယူနိုက်တက်အသင်းက ရမှတ် ၃၀၊ ဒဂုံစတားယူနိုက်တက်အသင်းက ၂၈ မှတ်၊ သစ္စာအားမာန်အသင်းက ၂၅ မှတ်၊ ရတနာပုံအသင်းက ၂၄ မှတ်၊ Falcon အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းက ၂၃ မှတ်စီ၊ ရန်ကုန်စီးတီးအသင်းက ၂၁ မှတ်၊ Galaxy အသင်းက ၁၉ မှတ်၊ ဟံသာဝတီယူနိုက်တက် အသင်းက ၁၅ မှတ်၊ ဧရာဝတီယူနိုက်တက်အသင်းက ၁၃ မှတ်၊ စစ်ကိုင်းယူနိုက်တက်အသင်းက ၁၁ မှတ်၊  မြဝတီအသင်းက   ခြောက်မှတ်၊ Chinland အသင်းက လေးမှတ်ရရှိထားသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ-ML