ရန်ကုန် အောက်တိုဘာ ၁၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ် (၄)ကို အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ယခုတစ်ပတ်ကျင်းပမည့် ပွဲစဉ် (၄)တွင် AFC Challenge League ပြိုင်ပွဲ အုပ်စုပွဲများယှဉ်ပြိုင်ရမည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ပွဲစဉ်များမပါဝင်ဘဲ ကျန်ပွဲစဉ်များသာ ကျင်းပမည်ဖြစ်သည်။ အောက်တိုဘာ ၁၆ ရက်တွင် Star City ကွင်း၌ သစ္စာအားမာန်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ အောက်တိုဘာ ၁၇ ရက်တွင် သန်လျင်သီဟဒီပကွင်း၌ Chinland အသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ အောက်တိုဘာ ၁၈ ရက်တွင် Star City ကွင်း၌ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြဝတီအသင်းပွဲနှင့် ဧရာဝတီ ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းပွဲတို့ကို ရွှေ့ဆိုင်းထားပြီး ပြန်လည်ကျင်းပမည့်ရက် ထပ်မံထုတ်ပြန်မည်ဖြစ်သည်။
ပွဲစဉ် (၃) အပြီးတွင် ဒဂုံစတားယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းတို့က ခုနစ်မှတ်စီ၊ ရန်ကုန်ယူနိုက်တက်အသင်းက ခြောက်မှတ်၊ သစ္စာအားမာန်အသင်းနှင့်ရန်ကုန်စီးတီးအသင်းက ငါးမှတ်စီ၊ စစ်ကိုင်းယူနိုက်တက်အသင်းက လေးမှတ်၊ ဧရာဝတီယူနိုက်တက်အသင်းက သုံးမှတ်၊ အား/ကာသိပ္ပံ၊ ဟံသာဝတီယူနိုက်တက်၊ Chinland နှင့် မြဝတီအသင်းတို့က တစ်မှတ်စီရရှိထားသည်။
သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ML


